A d v e r t i s e m e n t With Us

အက်ဆစ်များတင်လာသည့် နောက်တွဲကုန်တင်ယာဉ်ကို ရထားဝင်တိုက်၊ လူ ၁ ဦး ဒဏ်ရာရ

ဓာတ်ပုံ - abcnews
အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အနောက်ပိုင်းမှာ ဟိုက်ဒရိုကလိုရစ် အက်ဆစ်တွေကို တင်လာတဲ့ နောက်တွဲကုန်တင်ယာဉ်ကို မတ်လ ၆ ရက်နေ့က ရထားတစီး ဝင်တိုက်ခဲ့လို့ လူတယောက် ဒဏ်ရာရပါတယ်။ နောက်တွဲကုန်တင်ယာဉ်ဟာ ယာဉ်တိုက်မှုဖြစ်ချိန်မှာ ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၂၂ တန် တင်လာတယ်လို့ ဒေသခံ အင်တာနက်စာမျက်နှာ triblive.com ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။ အန္တရာယ်ရှိပစ္စည်းများ တုံ့ပြန်ရေးအဖွဲ့တွေက အက်ဆစ်တွေ ဖိတ်စဉ်ကျခဲ့တဲ့ အဓိက ကားလမ်းပိုင်းကို ပိတ်ခဲ့ပြီး အနီးရှိအိမ်တွေက လူအနည်းဆုံး ၁၅ ယောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ နောက်တွဲကုန်တင်ယာဉ် မောင်းသူကို အနားကဆေးရုံဆီ လေကြောင်းခရီးနဲ့ သယ်ပို့ပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up