တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆိုနေမှု လူမှုရေးဝန်ကြီးလိုက်လံစစ်ဆေး
Aung Ko Latt
·
March 7, 2018
မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို ဒီကနေ့ ကျင်းပနေရာမှာ ပထမနေ့ မြန်မာစာဘာသာရပ်ကို စတင်စစ်ဆေးနေပြီ ဖြစ်ပါတယ်။
ဒီနေ့ စတင်ဖြေဆိုမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို မုံရွာမြို့နယ်အနေနဲ့ စာစစ်ဌာန ၁၅ ခုမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၀၀၀ကျော် ဖြေဆိုမှာဖြစ်ပြီး စစ်ကိုင်းတိုင်းအနေနဲ့ ၁၀၉၅၀၀ ကျော် ဖြေဆိုခွင့်တင်ထားပါတယ်။
မေးခွန်းတွေမပေါက်ဖို့နဲ့ မှန်မှန်ကန်ကန်ဖြေဆိုနိုင်ဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့ မုံရွာမြို့ပေါ်က စာစစ်ဌာနအချို့ကို စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက လိုက်လံစစ်ဆေးနေပြီး ဆေးရုံမှာဖြေဆိုကြသူတွေ၊ မသန်စွမ်းတွေအတွက်လည်း ဖြေဆိုခွင့်ရရှိအောင် စီစဉ်ထားပါတယ်။
စာမေးပွဲဖြေဆိုမယ့် နောက်ရက်တွေမှာလည်း တာဝန်ရှိသူတွေက အလျဉ်းသင့်သလို လိုက်လံစစ်ဆေးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။