နှစ်ကျော့ပေါင်းရလဒ်ဖြင့် ပေါ်တိုကိုနိုင်ပြီး လီဗာပူး ချန်ပီယံလိဂ်ကွာတားတက် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 7 March, 2018
1.5K
0
Share
0
Comment
0
Likes
ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် လီဗာပူးနဲ့ ပေါ်တိုတို့ မနေ့ညက ယှဉ်ပြိုင်ရာ တဖက်နဲ့တဖက် ဂိုးမရှိသရေကျပြီး ပထမအကျော့က ငါးဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတဲ့ လီဗာပူးအသင်း ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။
လီဗာပူးဟာ ခြေစွမ်းပြနေတဲ့ အဓိကတိုက်စစ်မှူး ဆာလက်ကို အရန်အနေနဲ့ပဲ ထားခဲ့ပြီး ဖာမီနို၊ မာနေး၊ လယ်လာနာ တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့ပါတယ်။
အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ လီဗာပူးဟာ ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ အသာစီးရခဲ့ပါတယ်။
ပထမအကျော့က ငါးဂိုးပြတ်နဲ့ အနိုင်ရထားတဲ့အတွက် လီဗာပူးအသင်းဟာ ဒီနေ့ပွဲစဉ်မှာ ပေါ်တိုတိုက်စစ်ကို ထိန်းချုပ်ဟန့်တားပြီး သက်သောင့်သက်သာနဲ့ပဲ သရေရလဒ်ကို ထိန်းကစားခဲ့တာပါ။
လီဗာပူးအသင်းဟာ ၂၀၀၈-၂၀၀၉ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ပြန်လည်တက်ရောက်နိုင်တာ ဖြစ်ပါတယ်။