Homeမြန်မာသတင်း
ဖာပွန်ခရိုင်တွင် စစ်တပ်အင်အားတိုးချဲမှုကြောင့် ရွာသားအချို့ထွက်ပြေးတိမ်းရှောင် (ရုပ်သံ)
ဖာပွန်ခရိုင်တွင် စစ်တပ်အင်အားတိုးချဲမှုကြောင့် ရွာသားအချို့ထွက်ပြေးတိမ်းရှောင် (ရုပ်သံ)
DVB
·
March 6, 2018
ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ် လယ်မူပလောဒေသမှာ အစိုးရစစ်တပ် တိုးချဲ့ဝင်ရောက်လာမှုကြောင့် လယ်မူပလော ဘကျေးရွာအပါအ၀င် အနီးအနားက ကျေးရွာတချို့ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ၇က်နေ့ကစပြီး အဲဒီဒေသမှာ အခြေစိုက်တဲ့ အစိုးရတပ်အပါအ၀င် တခြားဒေသက တပ်တွေ လယ်မူပလောဒေသတ၀ိုက်မှာ အင်အားတိုးချဲ့လိုက်တဲ့အတွက် ရွာသားတွေဟာ ရွာမှာမနေရတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ဒေသခံ ကျောင်းဆရာ ဆရာဖိုးဖက်က ပြောပါတယ်။
“ဗမာစစ်တပ်ကအခု လူသောမြို့နယ် လယ်မူပလောကျေးရွာအုပ်စုကို ၀င်လာတယ်။ စစ်ကြောင်း၂ ကြောင်း ၃ ကြောင်းနဲ့ ၀င်လာတယ်။ ဒါကြောင့် ရွာသားတွေထွက်ပြေးကြတာ။ ၂ ရက် ၃ ရက်ရှိသွားပြီ။ စစ်တပ်က ရွာထဲဝင်လာလို့ ရွာသားတွေက မနေရဲတော့လို့ ထွက်ပြေးကြတာ။”
ထွက်ပြေးတိမ်းရှောင်နေတဲ့ရွာတွေဟာ လယ်မူပလော၊ လိုခို၊ ချိုးပယ်ခို၊ ဂေသုခီး၊ အစရှိတဲ့ကျေးရွာက ရွာသူရွာသားတွေ စိုးရိမ်ထိတ်လန့်မှုကြောင့် တောထဲထွက်ပြေး တိမ်းရှောင်နေတာလို့လည်း ပြောပါတယ်။