A d v e r t i s e m e n t With Us

ဆီးရီးယားသူပုန် တပ်စွဲထားသည့် ဂိုတာမြို့အရှေ့ပိုင်းကို ကုလ အကူညီပေးရေးယာဉ်တန်း ဝင်ရောက်

ဓာတ်ပုံ - Getty Images
ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းတွေဟာ ဆီးရီးယားသူပုန်တွေ တပ်စွဲထားတဲ့ ဂိုတာမြို့အရှေ့ပိုင်းကို စတင်ဝင်ရောက်နေပါတယ်။ ရုရှားက ကျောထောက်နောက်ခံပေးထားပြီး လွန်ခဲ့တဲ့ ၇ ရက်က သဘောတူညီမှုရထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးက အခုမှ အသက်ဝင်လာခဲ့တာပါ။ ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းတွေ မတ်လ ၅ ရက်နေ့က စပြီး အရှေ့ဂိုတာရဲ့ ကျေးလက်ဒေသတွေဆီ စတင် ဝင်ရောက်နိုင်ခဲ့ပါတယ်။ ကုန်ကား ၄၆ စီးစာ အကူအညီတွေဟာ ဒမတ်စကတ်မြို့ အရှေ့မြောက်ပိုင်း ဝါဖီဒင်ကနေတဆင့် ဝင်လာခဲ့ပြီး ဒေသတွင်း လူအယောက် ၂၇၅၀၀ ကို ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ ဆီးရီးယားအစိုးရက အရှေ့ဂူတာဒေသမှာ နေ့တိုင်း မနက် ၉ နာရီကနေ မွန်းလွဲ ၂ နာရီထိ ၅ နာရီကြာ အပစ်အခတ် ရပ်ပေးထားပါတယ်။ လူသားချင်းစာနာမှု လမ်းကြောင်းတွေကနေတဆင့် စစ်မြေပြင်ကို စွန့်ခွာဖို့ ဒေသခံတွေကို ဆော်သြထားပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးအချိန် ပြင်ပမှာ အကူအညီပေးရေး ယာဉ်တန်းကို ကန့်သတ်မထားဘူး၊ ယာဉ်တန်းအတွက် ၁၂ နာရီကနေ ၁၆ နာရီိထိ ရအောင် ညှိနှိုင်းခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယား ညှိနှိုင်းရေးမှူးက ပြောပါတယ်။ လာမယ့်ရက်တွေအတွင်း နောက်ထပ် လူသားချင်းစာနာမှု အကူအညီတွေ ရောက်လာမယ်လို့ သူက ဆက်ပြောပါတယ်။ အကူအညီပေးရေးယာဉ်တန်း အဝင်ခံတဲ့ အလဲအလှယ်အနေနဲ့ အရပ်သားတွေ ထွက်သွားဖို့ ခွင့်ပြုရေး သူပုန်တွေက ကတိပေးထားတယ်လို့ ဆီးရီးယားနိုင်ငံအတွင်း ရုရှား ပြန်လည်ပေါင်းစည်းရေးဌာနက ဒီကနေ့အစောပိုင်းမှာ ပြောပါတယ်။ အရှေ့ဂူတာဒေသမှာ ခန့်မှန်းခြေ လူ ၄ သိန်းလောက် နေထိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up