Home
မြန်မာသတင်း
ရေစကြိုမြို့နယ်ရှိ မီးဘေးသင့်သူများကို ဝေဠုကျော်ဖောင်ဒေးရှင်း သွားရောက်လှူဒါန်း
DVB
·
March 6, 2018
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှာ မီးဘေးဒဏ်ခံခဲ့ရတဲ့ သစ်ကြီးတောကျေးရွာကို မတ်လ ၅ ရက်က  မင်းသားဝေဠုကျော် ခေါင်းဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း အဖွဲ့ဝင်တွေက ထောက်ပံ့ငွေနဲ့ ပစ္စည်းတွေ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်။ ဝေဠုကျော် ဖောင်ဒေးရှင်း အဖွဲ့ဝင် ကိုစိန်ဝင်းသန်းက “ငွေကျပ် ၂၅ သိန်း မ တည်ပြီး သွားရောက်လှူဒါန်းခဲ့တာ ဖြစ်တယ်။ ကျောင်းသား ၈ ယောက်အတွက်ကို တယောက် ၂၀၀၀၀ ကျပ်စီပေးခဲ့တယ်။ သန်းခေါင်စာရင်း မပါတဲ့ လူတွေကိုလည်း ပေးခဲ့တယ်။ မတ်လ ၁၁ ရက်နေ့ပြီးရင် နောက်တခေါက် ပြန်သွားဦးမှာ။ ဒီနေ့ကိုပဲ စက်လှေနဲ့ပို့လိုက်ပြီ။ မုံရွာအသင်းကို လှူခိုင်းလိုက်ပြီ။ ရန်ပုံငွေကတော့ တော်တော်ရနေပါပြီ။ WLK ဆိုင်ကယ်ရောင်းလို့ ရရှိတဲ့ အကျိုးအမြတ်နဲ့ ဆိုင်ကယ်စီးအဖွဲ့နဲ့အတူ ပခုက္ကူ၊ ညောင်ဦးအဖွဲ့နဲ့ ပူးပေါင်းပြီး နောက်တခေါက် သွားလှူမှာပါ” လို့  ဒီဗွီဘီကို ပြောပါတယ်။ ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာမှာ မတ်လ ၃ ရက်က လူနေအိမ် ၁၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၈၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ သတင်း - မင်းထီး၊ ဓာတ်ပုံ - ဘိုစိန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024