မြစ်ကြီးနားတွင် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးရုံးဖွင့်လှစ် (သတင်းဓာတ်ပုံ)
DVB
·
March 6, 2018
မြန်မာ- တရုတ် နှစ်နိုင်ငံဆက်ဆံရေးရုံး (မြစ်ကြီးနား) ဖွင့်ပွဲအခမ်းအနားကို မတ်လ ၆ ရက်မနက်က မြစ်ကြီးနားမြို့ရှိ စုပေါင်းရုံး အခန်းအမှတ် (၂၀၂ )မှာကျင်းပပါတယ်။
အခုလိုဆက်ဆံရေးရုံးဖွင့်လှစ်တာဟာ မူးယစ်ဆေးဝါးကိစ္စတွေကို နည်းလမ်းကောင်းတွေ ရှာဖွေပြီး စိစစ်ဖို့ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အဲဒီအခမ်းအနား မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီအခမ်းအနားကို ပြည်ထဲရေးဝန်ကြီးဌာနဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Laying Yum နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ တက်ရောက်ခဲ့တာပါ။