အာဆီယံပြန်ကြားရေး ဆပ်ကော်မတီအစည်းအဝေး ရန်ကုန်တွင် ကျင်းပ
ဇေယျာချမ်းအေး
·
March 6, 2018
အာဆီယံဒေသတွင်း ၁၀ နိုင်ငံက အစိုးရပြန်ကြားရေးတွေ ဦးဆောင်တဲ့ ၁၉ ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့ Sky Star ဟိုတယ်မှာ မတ်လ ၆ ရက်မှ ၇ ရက်အထိ နှစ်ရက်ကြာ ကျင်းပနေပါတယ်။
အစည်းအဝေးဖွင့်ပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အာဆီယံဒေတွင်း နိုင်ငံအသီးသီးမှာ မတူညီတဲ့ ပြန်ကြားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖလှယ်နိုင်ဖို့ ဒီအစည်းအဝေးကို ကျင်းပရတာ ဖြစ်တယ်လို့ ပြောပါတယ်။
အာဆီယံပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးတွေကို နှစ်စဉ် ကျင်းပနေတာဖြစ်ပြီး တနှစ်ကို တနိုင်ငံ အလှည့်ကျစနစ်နဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။