ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာ ချဲလ်ဆီးနှင့် ချန်ပီယံလိဂ်ပွဲ လွဲချော်ဖွယ်ရှိ

ဘာစီလိုနာ ကွင်းလယ်ကစားသမား အင်နီယေစတာဟာ အက်သလက်တီကိုနဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုနဲ့ပွဲမှာ မက်ဆီရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အင်နီယေစတာဟာ အဲဒီပွဲရဲ့ ပွဲချိန် ၃၆ မိနစ်မှာ တံကောက်ကြောဒဏ်ရာရခဲ့လို့ စစ်ဆေးမှု ခံယူရမှာဖြစ်ပြီး အနားယူရဖို့ ရှိနေတာပါ။ ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးအသင်းနဲ့ပွဲကို မတ်လ ၁၄ ရက်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး  ပထမအကျော့ ချဲလ်ဆီးကွင်းမှာ တဂိုးစီ သရေကျထားပါတယ်။ အသက် ၃၃ နှစ်ရှိ အင်နီယေစတာဟာ အခုနှစ်ရာသီမှာ ဘာစီလိုနာအသင်းအတွက် ပွဲ ၃၀ ကစားထားပြီး တဂိုး သွင်းယူထားပါတယ်။

//
More News
Up