A d v e r t i s e m e n t With Us

ယူရိုပါလိဂ်ပြိုင်ပွဲကို ဦးစားပေး ယှဉ်ပြိုင်ရမည်ဟု အာစင်ဝင်းဂါး ပြော

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ယူရိုပါလိဂ်ပြိုင်ပွဲကိုပဲ ဦးစားပေး ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့  အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဝန်ခံပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ နှစ်ဂိုး တဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့်လေးနေရာက စပါးနဲ့ ၁၃ မှတ်အထိ ကွာဟနေတာပါ။ လက်ကျန်ပွဲစဉ် ၉ ပွဲ ကျန်ရှိနေချိန်မှာ ၁၃ မှတ်အထိ ကွာဟနေတာက လိုက်မီဖို့ ခက်ခဲသွားပြီဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ယူရိုပါလိဂ်ဖလားက အရေးကြီးသွားပြီဖြစ်တယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် အီတလီကလပ် အေစီမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့အတွက် ဝေဖန်မှုတွေရှိနေတာကို လက်ခံပြီး လာမယ့်ပွဲတွေမှာ နိုင်ပွဲဘယ်လိုရယူမလဲဆိုတာ စိုးရိမ်စရာဖြစ်သွားပြီလို့လည်း အာစင်ဝင်းဂါးက ပြောလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up