A d v e r t i s e m e n t With Us

တရုတ်နိုင်ငံတကာလေဆိပ်အမိုး ရုတ်တရက် ပြိုကျပျက်စီး (ရုပ်သံ)

တရုတ်နိုင်ငံ နန်ချန်းချန်ဘီ နိုင်ငံတကာလေဆိပ်မှာ မတ်လ ၄ ရက်က လေပြင်းတွေတိုက်ခတ် ရေတွေစီးကျခဲ့တာကြောင့် လေဆိပ်အမိုးရဲ့ အစိတ်အပိုင်းတခု ဆိုးဆိုးရွားရွား ပြုတ်ကျပျက်စီးသွားပါတယ်။ လေဆိပ် Terminal 2  ဆိုက်ရောက်ရာနေရာ အဝင်အထွက်ပေါက်နားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ မရှိခဲ့သလို လေယာဉ်ပျံသန်းမှု အစီအစဉ်တွေလည်း ထိခိုက်မှု မရှိခဲ့ဘူးလို့ တရုတ်သတင်းအေဂျင်စီအရ သိရပါတယ်။ တရုတ်လူမှုကွန်ရက်မှာ ဖြန့်ဝေနေကြတဲ့ ရုပ်သံမှာတော့ လေဆိပ်အမိုးကြီး ကွာကျပြီး အောက်ကဖြတ်သွားတဲ့ ကားတချို့ပေါ် ပြုတ်ကျခဲ့သလို ခရီးသွားတွေကလည်း အထိတ်တလန့် အော်ဟစ်ခဲ့ကြပါတယ်။ ကျန်ဇီပြည်နယ်ရဲ့ မြို့တော် နန်ချန်းမြို့က အကြီးဆုံး နိုင်ငံတကာလေဆိပ်ကို ၁၉၉၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နေ့စဉ် ခရီးသည်တွေ အများအပြား ဝင်ထွက်သွားလာနေတဲ့ လေဆိပ်ကြီးဖြစ်ပါတယ်။ ရုပ်သံ - CNA

A d v e r t i s e m e n t With Us

More News
Up