အဂတိလိုက်စားမှုဖြင့် ပြည်ထဲရေးဌာန အများဆုံးအတိုင်ခံရ
သူဇာလင်း
·
March 5, 2018
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီထံ တိုင်ကြားတဲ့အမှုတွေမှာ ပြည်ထဲရေးနဲ့ သက်ဆိုင်တဲ့အမှုတွေက အများဆုံးဖြစ်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီ အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က ပြောပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သစ်တက်ပြီး ၃ လတာကာလအတွင်းမှာ တိုင်စာပေါင်း ၁၅၈၄ မှု ရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်ကနေ အခုနှစ် ဖေဖော်ဝါရီလကုန်အထိ အဂတိလိုက်စားမှုကော်မတီကို တိုင်ကြားခဲ့တဲ့ တိုင်စာတွေမှာ အဂတိလိုက်စားကြောင်းတိုင်စာ ၉ မှု ၊ စီမံအုပ်ချုပ်မှုလွဲမှားခြင်း ၁၅၄ မှု ၊ တရားရင်ဆိုင်ဆဲအမှု ၁၀၁ မှု ၊ ဌာနအတွင်း ပုဂ္ဂိုလ်ရေး မမှန်မကန်မှု ၄၀၉ မှု နဲ့ စိစစ်ဆဲ ၇၈၁ မှု ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၇ ခုနှစ်အတွင်း အကျင့်ပျက်ချစားမှု အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀အနက် မြန်မာနိုင်ငံက အဆင့် ၁၃၀ မှာ တည်ရှိနေတာဖြစ် ပါတယ်။