စိတ်ကြွမူးယစ်ဆေးပြား ၃ သန်း သယ်ဆောင်လာသည့် အမျိုးသမီးနှင့် အမျိုးသား ဖမ်းဆီးခံရ

ဓာတ်ပုံ - Chinnaphat Chaimon
ထိုင်းနိုင်ငံမှာ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးတို့ကို မက်သဖက်တမင်း စိတ်ကြွမူးယစ်ဆေးပြား ၃ သန်းနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ မတ်လ ၄ ရက်နေ့ မနက်အစောပိုင်းက မယ်လခရိုင်ထဲမှာ ဖြစ်ခဲ့ပြီး ညသန်းခေါင်ကျော်အချိန်မှာ သူတို့နှစ်ယောက် မောင်းနှင်လာတဲ့ တိုယိုတာကားကို စစ်ဆေးရေးဂိတ်မှာ ရဲတွေက စစ်ဆေးခဲ့ကြတာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ရဲတွေဟာ ကားအတွင်းမှာ ပလတ်စတစ်အိတ် အနက်တွေနဲ့ ထုပ်ပိုးသယ်ဆောင်လာတဲ့ စိတ်ကြွမူးယစ်ဆေးပြားတွေကို စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ အသက် ၂၇ နှစ်အရွယ် အမျိုးသားရဲ့ အမည်ကိုတော့ အမ်နက်တ် ချက်ခ်ဂျန်လို့ သိရပြီး အသက် ၂၆ နှစ်အရွယ် အမျိုးသမီးရဲ့ အမည်ကိုတော့ အဲန်နာခန် ချုံနာဘော့ထ်လို့ သိရပါတယ်။ သူတို့ ၂ ဦးစလုံးဟာ ဖီချစ်ခရိုင်ထဲမှာ နေထိုင်ကြတာဖြစ်ပြီး လက်ရှိမှာတော့ ရဲတွေက ဖမ်းဆီးစစ်ဆေးနေကာ မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်ပြီး ဖြန့်ဖြူးရောင်းချဖို့ ကြံစည်မှုနဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up