Home
မြန်မာသတင်း
ရေဖြူမြို့နယ်တွင် ကေအန်ယူနှင့်မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွား
နော်နိုရင်း
·
March 5, 2018
  တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ထဲမှာ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားကြတဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးကေအန်ယူ တပ်ဖွဲ့တို့အကြား မတ် ၄ ရက် မနက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအရှေ့ဘက် ၅ ဖာလုံလောက်အကွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ကေအန်ယူဘက်က အလယ်စခန်းကျေးရွာသားတွေကို ဖမ်းဆီးရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ မွန်ပြည်သစ်ပါတီ ရေးမြို့နယ်ဆက်ဆံရေးရုံးတာဝန်ခံ နိုင်ပန့်က ဒီဗွီဘီကို ပြောပါတယ်။ “ကေအန်ယူအဖွဲ့က အဲဒီအလယ်စခန်းရွာသားတွေကို ဖမ်းတယ်။ နောက်ပြီးယာက၊ ခြံက ပြန်ဝင်လာတဲ့လူတွေကို ဖမ်းထားပြီးတော့ ဒိုင်းပုံစံလုပ်ပြီးတော့ အဲဒီဘုရားကုန်းမှာ သူတို့နေနေကြတာ။ ဘာကြောင့်ဖမ်းတယ်ဆိုလည်း ပြောတတ်ဘူး။” ဒီလိုဖမ်းဆီမှုကြောင့်မွန်ပြည်သစ်ပါတီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ရွာသားတွေပြန်လွတ်မြောက်သွားတယ်လို့လည်း ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကေအန်ယူဘက် ကို ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲနှစ် ဇန်န၀ါရီလကလည်း ရေဖြူမြို့နယ်ထဲမှာ မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူ တို့အကြား နယ်မြေအငြင်းပွားမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ နှစ်ဖက်ပူးတွဲညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းဖြေရှင်းခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024