A d v e r t i s e m e n t With Us

ဂျပန်မိတ်ကပ်ပညာရှင် အကောင်းဆုံးမိတ်ကပ်နှင့်ဆံပင်ဆု ရရှိ

ဓာတ်ပုံ - ရိုက်တာ
လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပနေတဲ့ အော်စကာဆုပေးပွဲမှာ ဂျပန်မိတ်ကပ်ပညာရှင် ကာဆုဟီရိုဆုဂျိက Darkest Hour ရုပ်ရှင်နဲ့ အကောင်းဆုံးမိတ်ကပ်နဲ့ ဆံပင်ဆု ရရှိသွားပါတယ်။ ဒီကားဟာ ဗြိတိန်ဝန်ကြီးချုပ် ချာချီ ရာထူးစယူချိန် လပိုင်းကာလကို အခြေခံရိုက်ကူးထားတာပါ။ ဇာတ်ကားမှာ ဝင်စတန်ချာချီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဂယ်ရီအိုးမန်းကို ရုပ်ရှင်အတွက် အားထုတ်ခဲ့တာကို ကျေးဇူးတင်ကြောင်း ဆုဂျိက ဆုယူမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ ဆုဂျိဟာ မိတ်ကပ်အထူးပြုလုပ်ချက်ကြောင့် အော်စကာဆု ဆန်ကာတင်စာရင်းမှာ ၃ ကြိမ်တိတိ လျာထားခံရပြီး အခု ၂၀၁၈ ခုနှစ်မှာမှ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up