ပြန်လည်ပြုပြင်ထားသည့် ပုဂံဘုရားတစ်ဆူပြိုကျပျက်စီး
DVB
·
March 5, 2018
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ၁၉၉၆ခုနှစ် နောက်ပိုင်းမှာ ပြန်လည်ပြုပြင်ထားတဲ့ ဘုရားအမှတ် ၁၀၆၆ ဟာ အလေးဝန်ကြောင့် နံရံအသစ် ၃ ဘက် ပွင့်ပြီး ပြိုကျသွားတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြေညာပါတယ်။
စိမ်းညက်ညီအစ်မ ဘုရားရဲ့ အနောက်တောင်ဘက်ရှိ ဘုရားအမှတ် ၁၀၆၆ ဟာ လိုဏ်ခံဘုရားဖြစ်ပြီး မတ်လ ၄ ရက် ၁၂ နာရီ ၄၅ မိနစ်လောက်က ပြိုကျမှုဖြစ်ပွားကာ ၇၀ ရာနှုန်းလောက် ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဘုရားအမှတ် ၁၀၆၆ ဟာ ၂၀၁၆ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့်လည်း နံရံတွေကွဲအက်သွားပြီး ပြန်လည်ပြုပြင်မှု တတိယဦးစားပေး စာရင်းမှာထည့်သွင်းကာ အရေးပေါ် ထိန်းသိမ်းရေး ဆောင်ရွက်နေတဲ့ဘုရားဖြစ်ပါတယ်။