အမေရိကန်နှင့် ကုန်သွယ်ရေးစစ် မဖြစ်ပွားလိုဟု တရုတ်ပြော

တရုတ်နိုင်ငံဟာ  အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေး စစ်မဖြစ်ပွားလိုပဲ တရုတ် နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုဟာ ဘယ်နိုင်ငံကိုမှ မခြိမ်းခြောက်ဘူးလို့  ပြောကြားလိုက်ပါတယ်။ မြို့တော်ဘေဂျင်းမှာ မတ် ၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး ကျန်းရီဆွေက ပြောကြားလိုက်တာပါ။ “တရုတ်နိုင်ငံဟာ  အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေး စစ်မဖြစ်ပွားလိုပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား ထိခိုက်လာရင်တော့ ဒီအတိုင်း ထိုင်ကြည်နေ့မှာ မဟုတ်ပါဘူး။ တကယ်လို့သာ မှားယွင်းတဲ့ ယူဆချက်ပေါ်မူတည်ပြီး မူဝါဒတွေ ချမှတ်မယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်ပြီး နှစ်ဘက်စလုံး မလိုလားတဲ့ အကျိုးဆက်တွေ ဖြစ်လာပါလိမ့်မယ်။ တရုတ်နိုင်ငံဟာ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို  အစဉ်သဖြင့် ရှေးရှုပြီး တရုတ်ရဲ့ ကာကွယ်ရေးမူဝါဒဟာလည်း ခုခံရေး အတွက်သာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုဟာ ဘယ်နိုင်ငံကိုမှ မခြိမ်းခြောက်ပါဘူး။” လို့  တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး ကျန်းရီဆွေက ပြောကြားခဲ့ပါတယ်။ အမေရိကန် သမ္မတ ထရမ့်က သံမဏိနဲ့ အလူမီနီယမ်သွင်းကုန်တွေအပေါ် အခွန် စည်းကြပ် ကောက်ခံရေး အစီအစဉ်ကြေညာပြီးနောက်ပိုင်း  တရုတ်နိုင်ငံက အထက်ပါအတိုင်း ပြောကြားလိုက်တာပါ။ အဲဒီအ စီအစဉ်အရ သံမဏိသွင်းကုန်အပေါ် ၂၅ ရာခိုင်နှုန်းနဲ့ အလူမီနီယံသွင်းကုန် အပေါ် ၁၀ ရာခိုင်နှုန်း အခွန် စည်းကြပ်မှာဖြစ်ပါ တယ်။ အဲဒီလို ကြေညာပြီးနောက်မှာတော့ သမ္မတထရမ့်က ကုန်သွယ်ရေး စစ်ပွဲတွေဟာ ကောင်းမွန်ပြီး အလွယ်တကူအနိုင်ရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up