A d v e r t i s e m e n t With Us

ဆီးရီးယားလေကြောင်းတိုက်ခိုက်မှုကြောင့် အကူပေးရေးလုပ်သားများ ထိမှန်ခဲ့သည့်ရုပ်သံ ထွက်ပေါ်

ဆီးရီးယားနိုင်ငံ အရှေ့ဂူတာ ဒေသက လေကြောင်းတိုက်ခိုက်မှုက အကူအညီပေးရေး လုပ်သားတွေကို ထိမှန်ခဲ့တာကို ပြနေတဲ့ ရုပ်သံတွေ လူမှုကွန်ရက် မီဒီယာပေါ် မတ်လ ၂ ရက်နေ့က ရောက်လာပါတယ်။ ဆီးရီးယား အစိုးရတပ်တွေက သူပုန်တွေရဲ့ နောက်ဆုံး ခြေကုပ်စခန်းကို ထိုးစစ်ဆင်နေချိန်မှာ ဒဏ်ရာရသူ တယောက်ကို လူနာတင်ကားပေါ် တင်နေတဲ့ လုပ်သားတွေကို ထိမှန်ခဲ့ပါတယ်။ နောက်ရုပ်သံ တခုမှာတော့ လူနာထမ်းစင်ပေါ် မတင်ခင် အဆောက်အဦထဲက ဒဏ်ရာရ ကူညီရေး လုပ်သားရဲ့ ပုံကို တွေ့ရပါတယ်။ အရှေ့ဂူတာ ဒေသက ၁၂ရက်ကြာထိုးစစ်ဟာ ဆီးရီးယားစစ်ပွဲရဲ့ လူအသေအပျောက် အများဆုံး တိုက်ပွဲတွေထဲက တခု ဖြစ်လာပါတယ်။ မြို့တော်နားက သူပုန်တွေရဲ့ နောက်ဆုံး ခြေကုပ်စခန်း အပေါ် အစိုးရက လေကြောင်း ကနေ ပစ်ခတ်ဗုံးကြဲလို့ ရာနဲ့ချီတဲ့ လူတွေ သေဆုံးခဲ့ ပြီးပါပြီ။ စစ်တပ်ဟာ သူပုန်တွေဆီကနေ နယ်မြေအသစ်တွေ ထပ်သိမ်းပြီးပြီလို့ စစ်ပွဲ စောင့်ကြည့် လေ့လာရေး အုပ်စုက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up