A d v e r t i s e m e n t With Us

ဘာကီနာဖာဆို စစ်ဌာနချုပ်နှင့် ပြင်သစ်သံရုံး တိုက်ခိုက်ခံရမှုကြာင့် ၁၆ ဦးသေ၊ ၈၀ ဒဏ်ရာရ

FILE PHOTO: Smoke rises from the site of an armed attack in downtown Ouagadougou, Burkina Faso March 2, 2018. REUTERS/Anne Mimault
ဘာကီနာဖာဆို သမ္မတနိုင်ငံမှာ မတ်လ ၂ ရက်က စစ်ဌာနချုပ်နဲ့ ပြင်သစ် သံရုံးကို သေနတ် သမားတွေ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ၈၀ ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ သေနတ်သမား ၈ ဦးလည်း ပါဝင်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ နှစ်နှစ်ကျော်အတွင်း  မြို့တော် အူရာဂါဒူဂူကို တတိယ မြောက် တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ မတ်လ ၃ ရက်နေ့မှာတော့ သမ္မတ ရော့မတ်ခရစ်ရှန်ကာဘိုးလ်က သေဆုံးဒဏ်ရာရ ခဲ့သူတွေအတွက် ၀မ်းနည်း ကြောင်း ရုပ်မြင်သံကြားကနေ ပြောကြားခဲ့ပါတယ်။ ပြင်သစ်သံအမတ်ကြီးကလည်း တိုက်ခိုက်မှုနှစ်ခုဟာ တချိန်တည်းဖြစ်ခဲ့တဲ့အတွက်  နှစ်နိုင်ငံစလုံးကို ပစ်မှတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကြမ်းဖက်ဝါဒကို တိုက်ဖျက်နေတဲ့  ဘာကီနာဖာဆိုကို ပြင်သစ်နိုင်ငံက ဆက်လက်ထောက်ခံသွားမှာဖြစ်ပြီး ဒီလို အကြမ်းဖက်တာကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို မိမိတို့လုပ်ဆောင်တာဖြစ်တယ်လို့ မာလီအခြေစိုက် အယ်ကိုင်းဒါး အဖွဲ့က မတ် ၃ ရက်နေ့မှာ ပြောကြားခဲ့ကြောင်း  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up