A d v e r t i s e m e n t With Us

အမေရိကန် သမ္မတအိမ်ဖြူတော်အနီး အမျိုးသားတဦး ကိုယ့်ကိုယ်ကိုယ် ပစ်သတ်

အမေရိကန်နိုင်ငံ ဝါရှင်တန်မှာရှိတဲ့ အိမ်ဖြူတော်ရဲ့ အပြင်ဘက်မှာ မတ်လ ၃ ရက်နေ့က အမျိုးသားတဦး ကိုယ့်ကိုယ့်ကိုယ် သေနတ်နဲ့ပစ်ပြီး သတ်သေလိုက်တယ်လို့ ရဲက ပြောလိုက်ပါတယ်။ အမျိုးသားက သေနတ်ကို ထုတ်ပြီး အချက်ပေါင်းများစွာ မပစ်ခင် မွန်းတည့်ချိန် မတိုင်ခင်လောက်မှာ ပင်ဆယ်ဗေးနီးယားရိပ်သာမှာရှိတဲ့ အိမ်ဖြူတော်ရဲ့ ခြံစည်းရိုးနားကို ချဉ်းကပ်လာတယ်လို့ ဆိုပါတယ်။ အခြားဘယ်သူမှ ဒဏ်ရာရရှိတာမရှိဘူးလို့ ရဲတွေက ပြောလိုက်ပြီး အဲ့ဒီအချိန်မှာ သမ္မတထရမ့်နဲ့ သမ္မတကတော် မယ်လာနီယာထရမ့်တို့က ဖလော်ရီဒါမှာ ရှိနေပြီး ဝါရှင်တန်မှာ မတ် ၄ ရက်နေ့ ပြုလုပ်မယ့် ညစာစားပွဲကို ပြန်လာဖို့ ပြင်ဆင်နေကြတာပါ။ ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ခဲ့တဲ့ အမျိုးသားရဲ့နာမည်ကိုတော့ ထုတ်ဖော်ပြာကြားခြင်း မရှိပါဘူး။ သေနတ်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဟာ အိမ်ဖြူတော် အနီးဝန်းကျင် လူသွားလမ်းတွေနဲ့ ယာဉ်သွားလမ်းတွေကို ပိတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦး အိမ်ဖြူတော်အပြင်ဘက်က လုံခြုံရေးအတားအဆီးတွေကို ကားနဲ့ဝင်တိုက်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ မတ်လ ၄ ရက်နေ့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up