A d v e r t i s e m e n t With Us

လေယာဉ် လှေကားပြိုကျ၍ ခရီးသည် ၅ ဦး လေယာဉ်ပြေးလမ်းပေါ် ပြုတ်ကျ

အမ်မရိတ် လေယာဉ်လှေကား ဘယ်အတောင်ပံဘက်ဆီ ပြိုကျလို့ ခရီးသည်တွေ လေယာဉ်ပြေးလမ်းပေါ် ပြုတ်ကျခဲ့တယ်လို့ မေရာသတင်းမှာ မတ်လ ၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ခရီးသည် ၅ ဦး ဒဏ်ရာရလို့ ဆေးရုံပို့လိုက်ရပြီး အခင်းဖြစ်တာက ပါကစ္စတန်နိုင်ငံ ဘနာဇာဘူတို အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဒူဘိုင်းကို ထွက်ခွာပျံသန်းဖို့ ပြင်ဆင်နေတုန်း ဖြစ်ခဲ့တာလို့ သည်အိတ်စ်ပရက်စ်ထရီဗြူးသတင်းဌာနက ထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်မှာ ဒဏ်ရာရသူတွေထဲက ၄ ဦးက ခရီးသည်တွေဖြစ်ပြီး ၅ ဦးမြောက်ကတော့ ဝန်ချီစက်မောင်းတဲ့သူလို့ ကယ်ဆယ်ရေး အရာရှိတွေက ပြောပါတယ်။ ၅ ဦးလုံးကို ဘနာဇာဘူတိုဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်ပြီး သူတို့ထဲက ၁ ဦးက ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့တာပါ။ လေယာဉ်လှေကား ပြိုကျတာကြောင့် လေယာဉ်ဘယ်ဘက်တောင်ပံ ပျက်စီးသွားပြီး ဘာလေယာဉ် အမျိုးအစားဆိုတာတော့ တိတိကျကျ မသိဘူးလို့ သည်အိတ်စပရက်စ်ထရီဗြူးသတင်းက ပြောပါတယ်။ အမ်မရိတ်စ်လေကြောင်းလိုင်းက မကြာသေးခင်ကပဲ ဘိုရင်းလေယာဉ် ၇၇၇ ရဲ့ လေယာဉ်အတွင်းပိုင်း သစ်လွင်မှုကို ပြသခဲ့ပြီး လေယာဉ်အထူးတန်းအပိုင်းက ထူးထူးကဲကဲ ဇိမ်ခံပစ္စည်းတွေနဲ့အပြည့် တန်ဖိုးကြီးတယ်လို့ သိရပါတယ်။ အထူးတန်းမှာ သီးသန့်ဖြစ်ဖို့အတွက် ကြမ်းပြင်ကနေ မျက်နှာကြပ်ထိ ဆင်တူဒီဇိုင်းတွေနဲ့ လုံးဝအလုံပိတ်ထားပြီး လျောတံခါးတွေလည်း ပါဝင်ပါတယ်။ ခရီးသည်တွေ အခန်းထဲက ထွက်စရာမလိုအောင် ဗွီဒီယိုနဲ့ခေါ်ပြီး အခန်းဝန်ဆောင်မှု တောင်းဆိုလို့လည်း ရတယ်လို့ သိရပါတယ်။ မေရာသတင်းက အခုအခင်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီး မှတ်ချက်ရဖို့ အမ်မရိတ် လေကြောင်းလိုင်းကို ဆက်သွယ်ထားတယ်လို့လည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up