A d v e r t i s e m e n t With Us

ဘာကီနာဖာဆိုတွင် စစ်တပ်ဌာနချုပ်နှင့်ပြင်သစ်သံရုံး တိုက်ခိုက်ခံရ၊ ၈ ဦး သေဆုံး

epa06575767 Smoke rises in the streets amidst a suspected terrorist attack in the capital Ouagadougou, Burkina Faso, 02 March 2018. According to reports at least 28 people have been killed in the attacks on the French embassy and miltary HQ in Ouagadougou. It is yet unclear who stands behind the attacks. EPA-EFE/STR
ဘာကီနာဖာဆိုနိုင်ငံ မြို့တော် ဂွာဂါ ဒူဂူမှာ မတ်လ ၂ ရက်နေ့က စစ်တပ်ဌာနချုပ်တွေနဲ့ ပြင်သစ်သံရုံးကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု ကြောင့် ၈ ဦးသေဆုံးပြီး ဒဏ်ရာရသူ အယောက် ၈၀ ရှိခဲ့ပါတယ်။ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ ပြင်သစ်နိုင်ငံခြား ရေးဝန်ကြီးက ပြောပါတယ်။ တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းကိုတော့ အတိအကျမသိရသေးပါဘူး။ ဘာကီနာဖာဆိုမှာ အိုင်အက်စ်၊ အယ်ကိုင်ဒါး စတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိတဲ့ လက်နက်ကိုင်တွေက မကြာခဏ  အကြမ်းဖက်တိုက်ခိုက်လေ့ ရှိပါတယ်။ အခုတိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြို့တော် ဂွါဂါဒူဂူမှာ တတိယအကြိမ်မြောက် အကြီးစားတိုက်ခိုက်မှုတခုဖြစ်ပါတယ်။ ဘာကီနာဖာဆို စစ်တပ်ဌာနချုပ်တွေမှာ ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကားတစ်စီးပေါက်ကွဲခဲ့ပြီးနောက် လူအယောက် ၈၀ ဒဏ်ရာရခဲ့ပြီး ၃ ဦးက ဒဏ်ရာ ပြင်းထန်တယ်လို့ ဘာကီနာဖာဆို ပြည်ထဲရေး ၀န်ကြီးကပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up