Home
မြန်မာသတင်း
မောင်တောတွင် ကျပ်သိန်း ၇၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
March 3, 2018
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကျပ်သိန်း ၇၀၀၀ လောက် တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ မြ၀တီသတင်းမှာ ဖော်ပြပါတယ်။ မောင်တောမြို့အနီး လုံခြုံရေးဆောင်ရွက်နေနဲ့ တပ်ဖွဲ့ဝင်တွေဟာ မတ် ၂ ရက်နေ့ အစောပိုင်းက မောင်တောမြို့ရဲ့ တောင်ဘက် ၆ မိုင်ခန့်အကွာ နတ်မြစ်ဝမှာ လှေတစင်းအား တွေ့ရှိစစ်ဆေးရာ လှေပေါ်မှာ ကျပ်သိန်း ၆၄၀၀ ကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ် ဆေးပြား ၃၂၂၈၁ဝ ပြားအား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါတယ်။ အလားတူ မတ်လ ၂ ရက်နေ့ မနက် ၉ နာရီလောက်မှာ အင်းဒင်ကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်နေတဲ့တပ်ဖွဲ့ဝင်တွေဟာ အငူမော်ဘက်မှ မောင်တောဘက်ကို လှမောင်သာ မောင်းနှင်လာတဲ့ Super Anbo အမျိုးအစား (လိုင်စင်မရှိ) ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ မိုးကာအင်္ကျီအတွင်း အထုတ်ထဲမှ  ကျပ်သိန်း ၃၇၀ ကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၈၈၁ဝ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိသူနဲ့ မူးယစ်ဆေးဝါးတွေကို မောင်တောမြို့နယ် မူးယစ်တပ်ဖွဲ့စုနဲ့ အင်းဒင်နယ် မြေရဲ စခန်းတွေကို လွှဲပြောင်း အပ်နှံခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024