A d v e r t i s e m e n t With Us

ခန့်စည်သူ ဦးဆောင်၍ ဒီဇိုင်နာ အသက်မွေးသင်တန်းကျောင်း ဖွင့်လှစ်

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူ ဦးဆောင်တဲ့ အလင်းပြကောင်းကင် ပရဟိတ ဒီဇိုင်နာ အသက်မွေးသင်တန်းကျောင်းကို သင်္ဃန်းကျွန်းမြို့နယ် ဓမ္မဝိဟာရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ မတ် ၃ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အနုပညာရှင်တွေနဲ့ ဒီဇိုင်နာသင်တန်းမှာ သင်ကြားပေးမယ့် ဆရာဆရာမတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီဇိုင်နာသင်တန်းကို မတ် ၃ ရက်နေ့ကနေ စတင်သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသားဦးရေ ၃၉ ဦး တက်ရောက်သင်ကြားသွားမှာလည်းဖြစ်ပါတယ်။ သင်ထောက်ကူပစ္စည်းအတွက် အလှူငွေ ၁၅ သိန်းကို အကယ်ဒမီခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့က လှူဒါန်းခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up