A d v e r t i s e m e n t With Us

ဖူးခက်လေဆိပ် သန့်ရှင်းရေးအလုပ်သမား ကောက်ရသည့် ဘတ် ၅ သိန်းကျော် ပိုင်ရှင်ထံပြန်အပ်

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်နိုင်ငံတကာလေဆိပ်မှာ သန့်ရှင်းရေးအလုပ်သမတဦးက ဘတ်ငွေ ၅ သိန်းကျော်တန်ဖိုးရှိ နိုင်ငံခြားငွေတွေပါတဲ့ ပိုက်ဆံအိတ်တလုံး ကောက်ရခဲ့ပြီး ပိုင်ရှင်လက်ထဲ ပြန်အပ်ခဲ့ပါတယ်။ ဒုန်းတ၀မ်း ချွိုက်ဆိန် အမည်ရှိ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့  ညနေပိုင်းက လေဆိပ်တတိယထပ် အမျိုးသားအိမ်သာတွင်း သန့်ရှင်းရေးပြုလုပ်စဉ် တယောက်ယောက်က မေ့ကျန်ခဲ့တဲ့ ပိုက်ဆံအိတ်တလုံးကို ကောက်ရပြီး အထဲမှာ တရုတ်ငွေ၊ ထိုင်းငွေတွေ အမြောက်အမြားပါရှိတာကို တွေ့ကာ ပိုင်ရှင်ထံ ပြန်ပေးဖို့ လေဆိပ်ပြန်ကြားရေး ဌာနကောင်တာမှာ သွားအပ်နှံခဲ့တာပါ။ ကောင်တာ တာဝန်ရှိသူတွေက ပိုက်ဆံအိတ်ကိုဖွင့်ကြည့်ရာမှာ စုစုပေါင်း ဘတ်ငွေ ၅ သိန်းကျော်တန်ဖိုးရှိ တရုတ်ယွမ်ငွေတွေရော၊ ထိုင်းငွေတွေပါတွေ့ရပြီး Li Xiaotei အမည်ရှိ တရုတ်နိုင်ငံသားတယောက်ရဲ့ မှတ်ပုံတင်ပါ တွေ့ရှိတာကြောင့် လေဆိပ်တွင်းမှာ ကြေညာ ခဲ့ပါတယ်။ ညနေ ၄ နာရီ မိနစ် ၂၀ လောက်မှာတော့ တရုတ် အမျိုးသားတဦးက Li Xiaotei အမည်ပါ ပတ်စပို့စာအုပ်နဲ့အတူ ရောက်လာပြီး အိတ်ထဲပါဝင်တဲ့ငွေပမာဏနဲ့ ပစ္စည်းတွေပြောပြကာ ပိုင်ရှင်အစစ်ဖြစ်ကြောင်း သက်သေပြပြီး အိတ်ကို ပြန်ယူသွားခဲ့ပါတယ်။ အိတ်ကောက်ရသူ သန့်ရှင်းရေးအလုပ်သမားအတွက် ဆုချခြင်းရှိ/မရှိကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် ဖူးခက်လေဆိပ် ညွှန်ကြားရေးမှူး  နိုင်းဖစ်ခ်ျချန်းကျလွန်းကတော့ ရိုးသားတဲ့ သန့်ရှင်းရေးဝန်ထမ်း ဒူန်းတ၀မ်းချွိက်ဆန်ကို လေဆိပ်ဝန်ထမ်းအားလုံး ရှေ့မှောက်မှာ ဂုဏ်ပြုချီးမြှင့်ပွဲတခု ဖေဖော်ဝါရီ  ၂ ရက် မနက်ပိုင်းမှာ ကျင်းပပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up