Home
မြန်မာသတင်း
ကရင်​နီအမျိုးသမီးငယ်​များအတွက်​ စက်​ချုပ်​သင်​တန်း အခမဲ့ဖွင့်လှစ်
DVB
·
March 2, 2018
အလုပ်​အကိုင်​ရှားပါးမှု​ကြောင့် ကရင်​နီအမျိုးသမီး​တွေ နိုင်​ငံခြားထွက်​ အလုပ်​ရှာ​နေရလို့ ပြည်​နယ်​တွင်းမှာ ကရင်​နီအမျိုးသမီးငယ်​​တွေအတွက်​ အလုပ်​အကိုင်​ ဖန်​တီးနိုင်​မယ့် စက်​ချုပ်​သင်​တန်းကို ကယန်းစာ​ပေနှင့် ယဉ်​​ကျေးမှု​ဗဟို​ကော်​မတီက လွိုင်​​ကော်​မြို့မှာ မခမဲ့ ဖွင့်လှစ်​​သင်​ကြား​ပေး​နေပါတယ်​။ သင်​တန်းတက်​​ရောက်​တဲ့ အမျိုးသမီးငယ်​​တွေအ​နေနဲ့ သင်​တန်းပြီးဆုံးပါက မိသားစုကို အ​ထောက်​အကူပြုနိုင်​မယ့် ကိုယ်​ပိုင်​စက်​ချုပ်​လုပ်​ငန်း​တွေ လုပ်​ကိုင်​နိုင်​ကြမှာ ဖြစ်​ပါတယ်​။ အခုလို ကိုယ်​ပိုင်​ စက်​ချုပ်​လုပ်​ငန်းကို ပြန်​ပြီး လုပ်​ကိုင်​နိုင်​ဖို့အတွက်​ အပ်​ချုပ်​စက်​၊ မီးပူနဲ့ တခြားလိုအပ်​တဲ့ ပစ္စည်း​တွေကို ကယန်းစာ​ပေနှင့်ယဉ်​​ကျေးမှု​ကော်​မတီက ​ပံ့​ပိုး​ပေးသွားမှာဖြစ်​ပြီး ပစ္စည်းတန်​ဖိုးကို​တော့ အရစ်​ကျ ပြန်​လည်​ ​ကောက်​ယူသွားမှာပါ။ ကရင်​နီအမျိုးသမီးငယ်​​တွေအတွက်​ အလုပ်​အကိုင်​ ရရှိနိုင်​မယ့် ခုလို စက်​ချုပ်​သင်​တန်းမျိုးကို ကယန်းစာ​ပေနှင့်​ ယဉ်​​ကျေးမှု ဗဟို​ကော်​မတီက ပထမဆုံးအကြိမ်​ ပြုလုပ်​တာဖြစ်​ပြီး ဆက်​လက်​ပြုသွားဖို့လည်း စီစဉ်​ထားပါတယ်​။ မတ်​ ၂၆ ရက်​​နေ့က စတင်​ခဲ့တဲ့ အဆိုပါ သင်​တန်းမှာ​ သင်​တန်းသူ ၁၃ ဦး တက်​​ရောက်​ သင်​ကြား​နေပြီး သင်​တန်းကာလ တစ်​လ ကြာမြင့်မှာ ဖြစ်​ပါတယ်​။ ခွန်းတူးတူး​လေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024