A d v e r t i s e m e n t With Us

ရွေးကောက်ပွဲအတွက် ပါတီသစ်များ မှတ်ပုံတင်ခွင့် ထိုင်းအစိုးရခွင့်ပြု

ထိုင်းအမျိုးသားပါဝါ ပါတီ မှတ်ပုံတင်နေစဉ်
၂၀၁၉ ဖေဖော်ဝါရီလမှာ ကျင်းမမယ့် ထိုင်းရွေးကောက်ပွဲအတွက် ပါတီသစ်မှတ်ပုံတင်တာကို မတ်လ ၂ ရက်နေ့မှာ စတင်ခွင့်ပြုပေးလိုက်ပါတယ်။ ရက်ရွှေ့ဆိုင်းမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့တဲ့ ထိုင်းရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ထက် နောက်မကျဘဲ ကျင်းပပေးမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မတ်လ ၁ ရက်နေ့မှာ ကြေညာခဲ့အပြီး၊ နောက်တစ်ရက်မှာ ပါတီသစ်တွေမှတ်ပုံတင်ဖို့ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ထိုင်းရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ထိုင်းစစ်အစိုးရရဲ့ အမျိုးသားပြုပြင်ပြောင်းလဲရေးကောင်စီမှာ ပါဝင်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီးဟောင်းတဦး ဦးဆောင်တဲ့ ထိုင်းအမျိုးသားပါဝါ ပါတီလည်း ပါဝင်လာတာတွေ့ရပါတယ်။ “ကျနော်တို့ ပါတီရွေးကောက်ပွဲဝင်တာကို လက်ရှိအစိုးရအဖွဲ့ဖြစ်တဲ့ အမျိုးသားငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကောင်စီအနေနဲ့ ထောက်ခံမယ်လို့ ကျနော် နားလည်ထားပါတယ်။ ကျနော်တို့ဟာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းမှာ တည်ဆောက်ထားတဲ့ ဒီမိုကရေစီစနစ်ထဲမှာ ရှိနေတာပါ” လို့ ထိုင်းအမျိုးသားပါဝါပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဝီရပိုလ် ရက်ခ်သန်မ် ကပြောကြားပါတယ်။ “လက်ရှိ ပါတီအဟောင်းက ၆၉ ပါတီရှိပါတယ်။ ဒီနေ့ မှတ်ပုံတင်တဲ့ ပါတီသစ်က ၂၇ ပါတီရှိပါတယ်။ ဒီတော့ စုစုပေါင် ၉၆ ပါတီရှိသွားပါပြီ။ ပါတီကတော့ ၁၀၀ ကျော်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် အခုမှ ပထမနေ့ပဲ ရှိသေးတာလေ။ မှတ်ပုံတင်နိုင်တဲ့ရက်က ရက် ၃၀ ထိ ရှိတာဆိုတော့” လို့ ထိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဆူပါ့ချိုင်း ဆွန်ကျရွန်က ပြောကြားပါတယ်။ ထိုင်းရွေးကောက်ပွဲအတွက် ပါတီသစ်တွေ မှတ်ပုံတင်ဖို့ စတင်ခွင့်ပြုလိုက်ပေမယ့် ရွေးကောက်ပွဲ စည်းရုံရေး စတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပိတ်ပင်ထားတာကိုတော့ ထိုင်းစစ်အစိုးရက ဖယ်ရှားပေးခြင်း မရှိသေးဘူးလို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  

A d v e r t i s e m e n t With Us

More News
Up