စစ်တွေကမ်းခြေတွင် သျှစ်သောင်းမြှောက်ပွဲ (ခေါ်) သဲပုံစေတီပွဲ ကျင်းပ (ဓာတ်ပုံ)
DVB
·
March 2, 2018
ရခိုင်ရိုးရာဓလေ့တခုဖြစ်တဲ့ သျှစ်သောင်းမြှောက်ပွဲ (ခေါ်) သဲပုံစေတီပွဲတော်ကို ရခိုင်ပြည်နယ်၊ စစ်တွေကမ်းခြေမှာ တပေါင်းလပြည့်နေ့က ကျင်းပပါတယ်။
ပွဲကို ရခိုင်မင်္ဂလာစည်တော်တီးကာ ဖွင့်လှစ်ခဲ့ပြီး စစ်တွေ ဒေသခံတွေ ထောင်ချီ လာရောက်ကြည့်ရှု ဆင်နွှဲခဲ့ကြပါတယ်။
ရခိုင့်ဘုရင်တွေ လက်ထက်ကတည်းက ကျင်းပလာခဲ့တဲ့ သျှစ်သောင်းမြှောက်ပွဲ (ခေါ်) သဲပုံစေတီပွဲတော်ဟာ အရင်က ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့ရာက စစ်တွေမှာ ၂၀၀၅ ခုနှစ်က စတင်ပြီး နှစ်စဉ်လိုလို ပြန်လည်ကျင်းပလာနိုင်ခဲ့ပါတယ်။
အလားတူ ရခိုင်ပြည်နယ် ငပလီမြို့၊ ငပလီကမ်းခြေမှာလည်း သျှစ်သောင်းမြှောက်ပွဲ (ခေါ်) သဲပုံစေတီပွဲတော်ကို ကျင်းပခဲ့ပါတယ်။
သတင်း - ဝဏ္ဏခွာညို