မက္ကဆီကိုနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ရာထူးမှ နုတ်ထွက်မည်

မက္ကဆီကိုနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်  ရိုဘက်တာ ဂျေကော့ဘ်ဆင်က မေလမှာ ရာထူးက နုတ်ထွက်မယ်လို့ မတ်လ ၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။ သူ့ရဲ့နေရာကို ဘယ်သူနဲ့အစားထိုးမလဲဆိုတာ မသိဘူးလို့လည်း ဂျေကော့ဘ်ဆင်က ပြောပါတယ်။ မက္ကဆီကိုရဲ့ သံအမတ်နေရာကို AT&T အမေရိကန်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အက်ဝစ်တာကာနဲ့ အစားထိုးဖို့ သမ္မတဒေါ်နယ်ထရမ့်က စီစဉ်နေတယ်လို့  မက္ကဆီကို သတင်းစာတစောင်က မတ်လ ၁ ရက်နေ့ အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ မက္ကဆီကို နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ဂျေကောဆင်ရဲ့နေရာကို ဘယ်သူနဲ့ အစားထိုးမလဲဆိုတာ မသိသေးဘူးလို့ ပြောပါတယ်။ ၂၀၁၆ ခုနှစ် မေလမှာ သမ္မတဟောင်း ဘားရက်အိုဘားမာက ဂျေကော့ဘ်ဆင်ကို မက္ကဆီကို သံအမတ်အဖြစ်နဲ့ ခန့်အပ်ခဲ့တာပါ။ သူဟာ အိုဘားမားအစိုးရအဖွဲ့နဲ့ ပတ်သက်သူတယောက်ဖြစ်လို့ ထရမ့်က အမြန်ဆုံး ရာထူးက ဖယ်ရှားတာ ခံရနိုင်တယ်လို့ အများစု ထင်ကြေးပေးခံထားရသူဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီးနောက်ပိုင်း အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီအတွက် မက္ကဆီကို သံတမန်တွေဟာ အိမ်ဖြူတော် အကြံပေးတွေနဲ့သာ အဓိက ဆက်သွယ်လာတာကြောင့် ဂျေကော့ဘ်ဆင်ဟာ အရာမရောက်သူအဖြစ် တဖြည်းဖြည်း ရှုမြင်ခံလာရတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up