A d v e r t i s e m e n t With Us

နှစ်နိုင်ငံနယ်စပ်မှ မြန်မာစစ်တပ် ဆုတ်ခွာပေးရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို

Photo : AFP
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာ ချထားခဲ့တဲ့ လက်နက်ကြီးတွေနဲ့ စစ်တပ်အင်အားတွေကို အမြန်ဆုံး ဆုတ်ခွာပေးဖို့ မြန်မာကို ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုလိုက်ပါတယ်။ မတ်လ ၁ ​ရက်နေ့ ညနေပိုင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို ဆင့်ခေါ်ပြီး ခုလို သတိပေးလိုက်တာ ဖြစ်တယ်လို့ သည်နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ မြန်မာစစ်တပ်ဟာ ဘင်္ဂါလီ ၆၅၀၀ လောက် နေထိုင်ကြတဲ့ နှစ်နိုင်ငံနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခွန်နပါရာကျေးရွာအနီးမှာ စစ်တပ်အင်အား တိုးချဲ့ချထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါဒေသတွင်းမှ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်တွေကို ချက်ချင်း နောက်ဆုတ်ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပေးဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုထားပြီး ဒါဟာ နှစ်နိုင်ငံနယ်စပ်ကြား တင်းမာမှုတွေ တိုးပွားလာစေနိုင်တယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်ကတော့ တရားဝင်သတင်း ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up