Home
မြန်မာသတင်း
လူ ၂ ဦး သေဆုံးခဲ့သည့် ယာဉ်တိုက်မှုမှ ထွက်ပြေးသွားသည့်ကားကို ဖမ်းမိ
DVB
·
March 2, 2018
လူ ၂ ဦး သေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုမှ မောင်းနှင်ထွက်ပြေးသွားတဲ့ကားကို ၄ နာရီအတွင်း ဖမ်းဆီးမိခဲ့တယ်လို့ မတ် ၁ ရက်နေ့မှာ ၀မ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၅၂/၆ နဲ့ ၇ ကြား ကွန်ကရစ်လမ်းမှာ ဖေဖော်ဝါရီ ၂၈ ရက်ညက ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိတာကြောင့် လူ ၂ ဦး သေဆုံးသွားပြီး ထွက်ပြေးသွားခဲ့တာပါ။ ဝမ်းတွင်းမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ကိုဝင်းက “တိုးဂိတ်က စီစီတီဗွီမှတ်တမ်းအရ ကားနံပါတ် သိရတယ်။ ရန်ကုန်-မန္တလေး လမ်းဟောင်းက အသွားလမ်း အပြန်လမ်း နှစ်လမ်းသွား စနစ်ပါ။ ရန်ကုန်ဘက်ကို မောင်းလာတဲ့ ၂၂ ဘီးကားက ညာဘက်ကို ကပ်မမောင်းဘဲ ဘယ်ဘက်ဘေး ကပ်မောင်းလာတယ်။ ဒီဇယ်ဆီ အကုန်နည်းသွားအောင် အရှိန်တင် မောင်းတယ်တဲ့။ ရမည်းသင်း၊ ရွှေမြင်တင်ဘုရားဘက် ခိုနေတာကို ဖမ်းမိလာတာပါ။ ပြုတ်ကျန်ခဲ့တဲ့ ရှေ့ဘန်ကာမပါတော့ဘဲ ကားက ပိန်ချိုင့်နေတယ်။ ကားအောက်ပိုင်းတွေမှာ အသားစ သွေးစတွေ တွေ့ရပါတယ်”လို့ ပြောပါတယ်။ မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်နေ ယာဉ်မောင်း ကျော်နိုင်ဦး (၃၈-နှစ်) မောင်းတဲ့ YGN 5N/6906 ကို ယာဉ်တိုက်မှုဖြစ်ပြီး ၄ နာရီအတွင်း ရမည်းသင်းခရိုင် ယာဉ်ထိန်းတပ်ဖွဲ့နဲ့ ပူးပေါင်းဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ‎သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024