အီဂျစ် ရထားတိုက်မှု သေဆုံးသူ ၁၂ ဦး ရှိပြီ

1.5K
အီဂျစ်နိုင်ငံမြောက်ပိုင်း ဘီဟဲရားပြည်နယ်မှာ ဖေဖော်ဝါရီ ၂၈ ရက်က ရထားတိုက်မှုကြောင့် ၁၂ ဦးအထိ သေဆုံးခဲ့ပြီး ၃၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ခရီးသည်တင်ရထားတစီးက ရထားတွဲနှစ်တွဲပြုတ်ထွက်ပြီး ကုန်တင်ရထားတစီးနဲ့ တိုက်မိခဲ့တာဖြစ်ပါတယ်။
ရထားတိုက်မှုမှာ ကိုယ်တွေ့ကြုံခဲ့သူ ခရီးသည်က သူဟာ ဒုတိယတွဲမှာ လိုက်ပါလာခဲ့ပြီး နောက်ဘက်မှာရှိတဲ့ ရထားတွဲ သုံးတွဲပြုတ်ထွက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ရထားတိုက်မှုဖြစ်ရပ်မှာလည်း ၄၂ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။