ကယားတွင် ဌာနေတိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲ ပြုလုပ်
DVB
·
March 2, 2018
ကယားပြည်နယ်မှာ နေထိုင်တဲ့ ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ကယား၊ ကယန်း၊ ကယော၊ ဂေဘား၊ ယင်းတလဲနဲ့ မိုနူမိုနော် တိုင်းရင်းသား လူမျိုးတွေရဲ့ နှီးနှောဖလှယ်ပွဲကို လွိုင်ကော်မြို့ ဘာဒိုဓမ္မာရုံမှာ ပြုလုပ်နေပါတယ်။
နှီးနှောဖလှယ်ပွဲမှာ ဌာနေတိုင်းရင်းသားတွေရဲ့ စာပေနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေကို မတ်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ဆွေးနွေးဖလှယ်ကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ပြည်နယ်နဲ့တိုင်း ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားလူမျိုးအလိုက် အနာဂတ် အမျိုးသားရည်မှန်းချက်နဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ကြိုတင်ညှိနှိုင်းထားဖို့ လိုအပ်တာကြောင့် ကယားပြည်နယ်မှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေအနေနဲ့ ဒီနှီးနှောဖလှယ်ပွဲကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။
ကယားပြည်နယ် ဌာနေတိုင်းရင်းသား လူမျိုး ၆ မျိုးက ကိုယ်စားလှယ် ၃၀၀ လောက်က ဒီနှီးနှောဖလှယ်ပွဲတွင် ပါဝင်တက်ရောက် ဆွေးနွေးနေကြပါတယ်။
နှီးနှောဖလှယ်ပွဲကို လိုင်းနည်းပညာအထောက်အကူပြု အရပ်ဘက်အဖွဲ့က စီစဉ်ပြုလုပ်တာ ဖြစ်ပါတယ်။
သတင်း- ခွန်းတူးတူးလေး