A d v e r t i s e m e n t With Us

ဆောက်လုပ်ရေးလုပ်ငန်းမှ ငွေကြေးရယူခဲ့မှုစွဲချက် ပီရူးသမ္မတနှင့် အတိုက်အခံခေါင်းဆာင် ငြင်းဆို

ဘရာဇီးဆောက်လုပ်ရေး လုပ်ငန်းစုကြီးရဲ့ အမှုဆောင်ချုပ်ဟောင်းထံကနေ ငွေကြေးရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပီရူးသမ္မတ ပက်ဒရို ပါဘလို ကူချင်စကီ နဲ့ ပီရူးအတိုက်အခံပါတီခေါင်းဆောင် ခဲအိကို ဖူဂျီမိုရီတို့က ဖေဖော်ဝါရီလ-၂၈ ရက်နေ့မှာ ငြင်းဆိုလိုက်ပါတယ်။ အော်ဒယ်ဘရက်ခ်ျ   ဆောက်လုပ်ရေးလုပ်ငန်း အမှုဆောင်ချုပ်ဟောင်း ဂျော့ ဘာရာတာက သမ္မတ ကူချင်စကီ ရဲ့ ၂၀၁၁ ခုနှစ်ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ငွေပေးခဲ့တယ်လို့ တရားရုံးမှာ အစောပိုင်းတုန်းက ထွက်ဆိုထားပါတယ်။ သမ္မတ ကူချင်စကီကတော့ ၂၀၁၁ သမ္မတ ရွေးကောက်ပွဲမှာ ငွေရေးကြေးရေး တာဝန်တွေကို သူမယူခဲ့သလို ဘာရာတာ ထည့်ခဲ့တယ်ဆိုတဲ့ ရန်ပုံငွေကိုလည်း ဘယ်တုန်းကမှ မယူခဲ့ဘူးလို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ပီရူး အတိုက်အခံ နိုင်ငံရေးသမား ခဲကို ဖူဂျီမိုရီ ကတော့  အော်ဒယ်ဘရက်ခ်ျ လုပ်ငန်းဆီကနေ ငွေမယူ၊ မတောင်းခဲ့တာ သေချာပေမယ့် ဘာရာတာ ပြောခဲ့သလို အော်ဒယ်ဘရက်ခ်ျ လုပ်ငန်းဟာ ပီရူးသမ္မတလောင်းတွေရဲ့ မဲဆွယ်ပွဲတွေမှာ ငွေကြေးထည့်ခဲ့တာကတော့ သေချာတယ်လို့ ပြန်လည်ဖြေရှင်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up