A d v e r t i s e m e n t With Us

ငွေကြေးအလွဲသုံးစားမှုဖြင့် ဇိမ်ခံသင်္ဘောတစီးကို အင်ဒိုနီးရှား သိမ်းယူ

အင်ဒိုနီးရှား အစိုးရအာဏာပိုင်တွေဟာ ငွေကြေးအလွဲသုံးစားမှုနဲ့ ဆက်နွှယ်မှုရှိနေတဲ့ ဘာလီကျွန်းက ဇိမ်ခံသင်္ဘောတစီးကို ဖေဖော်ဝါရီ ၂၈ ရက်က သိမ်းယူခဲ့ပါတယ်။ မလေးရှားအစိုးရပိုင် မဟာဗျူဟာ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ 1MDB နဲ့ ပတ် သက်မှုရှိနေတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ ငွေကြေးအလွဲသုံးစားမှုကို စုံစမ်းစစ်ဆေးနေရာမှ အမေရိကန်တရားရေးဌာနက အဲဒီသင်္ဘောကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှား ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဌာနချုပ်ရဲ့ စီးပွားရေးနဲ့ အထူးရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေး ဒါရိုက်တာ အာဂူ ဆပ်တရာက သင်္ဘောပေါ်မှာ ၃၄ ဦး ရှိနေခဲ့တယ်လို့ ပြောပါတယ်။ အခုလို သိမ်းယူမှုမှာ အက်ဖ်ဘီအိုင်က (FBI)  ပါဝင်ခြင်း ရှိမရှိကိုတော့ မသေချာဘူးလို့ သူကပြောပါတယ်။ နိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး မလေးရှားနိုင်ငံရဲ့ ရေရှည်စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်တည်ထောင်ခဲ့တဲ့ 1MDB ကုမ္ပဏီက အဆင့်မြင့် အရာရှိတွေဟာ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကို ငွေကြေး အလွဲသုံးစားပြုလုပ်ခဲ့ကြ ပါတယ်။ မလေးရှား IMDB ကုမ္ပဏီဟာ ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး အမေရိကန်၊ ဆွစ်ဇာလန်၊ စင်ကာပူ အပါအဝင် နိုင်ငံ ၆ နိုင်ငံမှာ စုံစမ်းစစ်ဆေးခံနေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up