Home
မြန်မာသတင်း
ဖေ့ဘွတ်ခ်ပေါ်တင်ထားသည့် ပို့စ်တခုနှင့်ပတ်သက်၍ တေးသံရှင် မနော ရင်ဖွင့်
DVB
·
March 1, 2018
အနုပညာကြေး သိန်း ၄၀ ကျပ်ယူကာ သီချင်း ၁၂ ပုဒ်ထက် ပိုမတောင်းဆိုရဘူးဆိုပြီး ဖေ့စ်ဘွတ်ခ်အကောင့်တခုကနေ ပို့စ်တင်လိုက်တာဟာ တေးချစ်သူနဲ့သူ့အကြား ရန်တိုက်ပေးခြင်း ဖြစ်တယ်လို့ အဆိုတော် မနောက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က လူမှုကွန်ရက် facebook ပေါ်မှာ Shine Shine ဆိုတဲ့ အကောင့်တခုကနေ အဆိုတော်မနောနဲ့ ပတ်သက်ပြီး ငှားရမ်းရာကနေ အနုပညာကြေး သိန်း ၄၀ ကျပ်ယူပြီး သီချင်း ၁၂ ပုဒ်ထက် ပိုပြီး မတောင်းဆိုရဘူးဆိုတဲ့ ပို့စ်တင်လိုက်တဲ့အပေါ် အဆိုတော်မနောက သူ့ကိုယ်ပိုင် Page မှာ ဒီပိုစ့်ဟာ တေးချစ်သူနဲ့မနောအကြား ရန်တိုက်ပေးခြင်းသာ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရင်ဖွင့်ရေးသားလိုက်ပါတယ်။ “ဒီပို့စ်တင်သူအရမ်းလွန်တယ်ဗျာ၊ ကျနော်နဲ့တေးချစ်သူကို ရန်တိုက်ပေးလိုက်တာပဲဗျာ၊ တကယ်စိတ်မကောင်းဘူးဗျာ၊ ဒီလိုကိစ္စကို ဘယ်လိုဖြေရှင်းမှန်း မသိတော့ပါဘူး။ ကိုယ်ချင်းစာတရားရှိနိုင်ပါစေ။” Shine Shine ဆိုတဲ့ အကောင့်မှာတော့ အခုလို ရေးသားပြီး Post တင်ထားတာပါ။ “ကလေးမြို့ကျောင်းကြီးတိုက် ရွာအလှူမင်္ဂလာမှာ အဆိုတော် မနော လာရောက်သီဆို ဖို့ရာ ငှားရန်းတဲ့အခါမှာ သီးချင်း ၁၂ ပုဒ်ကို သိန်း ၄၀ တဲ့ ၁၂ ပုဒ်ထက်ပိုမတောင်းရဘူးတဲ့။ လေယဉ်လက်မှတ်ကလည်း အဆင်သင့်လုပ်ပေးထားရမယ်တဲ့။ သူရောက်လာတဲ့အခါ ရွာသူရွာသားတွေ သူ့ကို လာလာမတွေ့ပါစေနဲ့တဲ့။ အဲဒါတွေ အကုန်လုပ်ပေးနိုင်မှရမယ်တဲ့။ ကျောက်တိုက်ရွာဟာ ကိုလေးဖြူ၊ ကိုအငဲတို့ အကြာကြီးနေခဲ့တဲ့ရွာပါ။ အဆိုတော်တယောက်ကို ငမ်းငမ်းတက်မမြင် မတွေ့ဘူးတဲ့ ရွာမဟုတ်ပါဘူး။ အနုပညာကိုချစ်တဲ့ ရိုးသားတဲ့ ထမင်းရှင်တွေကို ဒီလိုစကားကြီးတွေနဲ့ ကျေးဇူးမဆပ်ပါနဲ့၊ ခင်ဗားကိုချစ်လို့အားပေးတဲ့ နယ်ကလူတွေဟာ အရိုင်းအဆိုင်းတွေ မဟုတ်ပါဘူးလို့ ကိုမနော သိစေချင်တယ်၊ ‌စာရေးသူ ပေါ်လင်း။" သတင်း - မင်းရဲစစ်နိုင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024