A d v e r t i s e m e n t With Us

အီဂျစ်တွင် ရထားတိုက်မှုကြောင့် လူ ၁၅ ဦးသေ၊ ၄၀ ခန့် ဒဏ်ရာရ

အီဂျစ်နိုင်ငံမြောက်ပိုင်း ဘီဟဲရားပြည်နယ်မှာ ဖေဖော်ဝါရီ ၂၈ ရက်က ရထားတိုက်မှုကြောင့် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး ၄၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ခရီးသည်တင်ရထားတစီးက ရထားတွဲနှစ်တွဲပြုတ်ထွက်ပြီး ကုန်တင်ရထားတစီးနဲ့ တိုက်မိခဲ့တာပါ။ ဝန်ကြီးချုပ် ရှာရစ်အစ္စမေးလ်က အခင်းဖြစ်ရာကို သွားရောက်ကြည့်ရှုဖို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးကို ညွှန်ကြားခဲ့ပါတယ်။ အီဂျစ်အစိုးရ အဆက်ဆက်ဟာ ရထားသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုအတွက် အခြေခံလုံခြုံရေး စံချိန်စံညွှန်းပြည့်မီအောင် ဆောက်ရွက်ပေးနိုင်ခြင်း မရှိတဲ့အတွက်   ပြည်သူတွေက ကာလရှည် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကလည်း ရထားတိုက်မှုတခု ဖြစ်ပွားခဲ့ပြီး လူ ၄၂ ဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up