A d v e r t i s e m e n t With Us

မာလီတွင် လမ်းဘေးဗုံး ပေါက်ကွဲမှုကြောင့် ကုလတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

မာလီနိုင်ငံ မော့ပ်တီဒေသမှာ  ဖေဖော်ဝါရီ ၂၈ ရက်က လမ်းဘေးဗုံး ပေါက်ကွဲခဲ့တဲ့အတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး တခြားလူ ၄ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ယာဉ်တန်းဟာ ဘွန်နီနဲ့ ဒူအန်ဇာမြို့နှစ်မြို့ကို ဆက်သွယ်တဲ့လမ်းမှာ လက်လုပ်ဖောက်ခွဲရေးပစ္စည်းနဲ့ တိုက်ခိုက်ခံရတာလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ “အဲဒီတိုက်ခိုက်မှုကို အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က ပြစ်တင်ရှုတ်ချလိုက်ပြီး သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူထပ်မျှ စိတ်မကောင်း ဖြစ်ရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေ အမြန်ဆုံး ပြန်လည်ကောင်းမွန်ပါစေလို့ ဆန္ဒပြုပါတယ်” လို့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ အဲဒီဒေသမှာ အရင်တနေ့ကလည်း အလားတူ တိုက်ခိုက်မှုမျိုးဖြစ်ခဲ့ပြီး မာလီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up