A d v e r t i s e m e n t With Us

အဂတိလိုက်စားမှု စွပ်စွဲချက်ဖြင့် ဟွန်ဒူးရပ်စ် သမ္မတဟောင်းကတော် ဖမ်းဆီးခံရ

ဓာတ်ပုံ - ရိုက်တာ
ဟွန်းဒူးရပ်စ် သမ္မတဟောင်း ပေါ်ဖီရိုလိုဘိုရဲ့ ဇနီး ရိုဆာအန်လင်နာဘွန်နီယာဟာ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အမေရိကတိုက် နိုင်ငံများရုံး (MICCIH) က ကြေညာပါတယ်။ ဘွန်နီယာဟာ ခင်ပွန်းဖြစ်သူ သမ္မတ ပေါ်ဖီရိုလိုဘို တာဝန်ထမ်းဆောင်တဲ့ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အတွင်း ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ဖိနပ်ထောက်ပံ့ရာမှာသုံးမယ့် အစိုးရရန်ပုံငွေ ဒေါ်လာ ၅ သိန်းကျော်ကို အလွဲသုံးမှုနဲ့ စွပ်စွဲခံထားရတယ်လို့ ရှေ့နေချုပ်ရုံးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဘွန်နီယာဟာ ခင်ပွန်းဖြစ်သူ ရာထူးကနေမဆင်းခင် ရက်ပိုင်းအလိုမှာ သမ္မတကတော်ရုံးကငွေတွေကို ကိုယ်ပိုင်ဘဏ်အကောင့်တခုထဲ လွှဲပြောင်းခဲ့မှုနဲ့လည်း စုံစမ်းစစ်ဆေးခံနေရပါတယ်။ ဘွန်နီယာကတော့ အခုစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up