A d v e r t i s e m e n t With Us

လာမည့်ရာသီတွင် ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်း ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရမည်

လာမယ့် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်းစလုံး ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က အတည်ပြုလိုက်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၁၈-၂၀၁၉ ရာသီအတွက် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲကျင်းပပုံကို ပြောင်းလဲထားပြီး အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်းက တိုက်ရိုက်ကစားခွင့်ရမှာဖြစ်ပေမယ့် ဂျာမနီ၊ စပိန်နဲ့ အီတလီလိဂ်တွေကတော့ အဆင့်လေးအသင်းက ခြေစစ်ပွဲ ထပ်ကစားရမှာပါ။ အရင် ပြိုင်ပွဲစည်းမျဉ်အရ အသင်း ၂၂ သင်းက ချန်ပီယံလိဂ် ခြေစစ်ပွဲ ကစားရမှာဖြစ်ပေမယ့် ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းမှာတော့ ၂၆ သင်းအထိ တိုက်ရိုက်ကစားခွင့်ရမှာ ဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်အနေနဲ့ ရုပ်သံကနေ ပြန်လည်ကြည့်ရှုဆုံးဖြတ်မယ့် VAR စနစ်ကိုလည်း အသုံးပြုမှာ မဟုတ်သေးဘူးလို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ အလက်ဇန္ဒာဆာဖီရင်က အတည်ပြုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up