Home
မြန်မာသတင်း
မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ် စစ်တွေလေဆိပ်တွင်အင်ဂျင်ချို့ယွင်း
DVB
·
February 28, 2018
မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစီးဟာ ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှာ အင်ဂျင်ချို့ယွင်းခဲ့လို့ ခရီးစဉ်ဖျက်သိမ်းခဲ့ရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက လေယာဉ်မှူး နေမျိုးထွန်းနဲ့ အတူ တခြား ၅ယောက်၊ လေယာဉ် လုံခြုံရေး ၂ ယောက်တို့ လိုက်ပါလာတဲ့ ART အမျိုးအစား လေယာဉ်ဟာ ရန်ကုန်-စစ်တွေ-အမ်း-ရန်ကုန် ခရီးစဉ်အတိုင်း ရန်ကုန်လေဆိပ်ကနေ စစ်တွေလေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် ခရီးသည် ၆၇ ယောက်ကို တင်ပြီး စစ်တွေကနေ အမ်းလေဆိပ်ကို ထွက်ခွာဖို့ စက်နှိုးရာမှာ ညာဘက် ပန်ကာမလည်ခဲ့ဘူးလို့ ဆိုပါတယ်။ ညနေပိုင်းမှာတော့ အင်ဂျင်နီယာအဖွဲ့ရောက်လာပြင်ဆင်ပြီး ကောင်းမွန်ခဲ့ပေမယ့် အမ်းလေဆိပ်ကို ညအချိန် ဆင်းဖို့ အဆင်မပြေတာကြောင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒါကြောင့် ခရီးသည် ၄၉ ယောက်၊ အင်ဂျင်နီယာတွေနဲ့ လုံခြုံရေးတွေကို တင်ဆောင်ပြီး ရန်ကုန်ကိုထွက်ခွာခဲ့လို့ ည ၈ နာရီကျော်မှာ ရောက်ရှိခဲ့ပါတယ်။ စစ်တွေက အမ်းကို လိုက်ပါမယ့် ခရီးသည် ၁၈ ယောက်ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကားတွေနဲ့သွားခဲ့ကြတယ်လို့လည်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ၂၀၁၆ နိုဝင်ဘာလတုန်းက မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် Cessna Caravan လေယာဉ်တစီးဟာ မာန်အောင်လေဆိပ်မှာ ဆင်းသက်နေတုန်း ဘီးပေါက်လို့ ကွင်းညာဘက်ဘေးကို ဆွဲပြီး ရပ်တန့်ခဲ့ရသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းကလည်း မာန်အောင်လေဆိပ်ကို ဆင်းသက်နေတုန်း ဘရိတ်စနစ် ချို့ယွင်းခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024