A d v e r t i s e m e n t With Us

ဘောလီးဝုဒ် နာမည်ကြီးမင်းသမီး ဆရီဒေဝီကပူးရ် ရေချိုးကန်အတွင်း ရေနစ်သေဆုံးဟုဆို

ဓာတ်ပုံ - Jag Gundu/Getty Images
ဘောလီးဝုဒ် နာမည်ကြီးမင်းသမီးကြီးတဦးဖြစ်တဲ့ ဆရီနာကပူးရ် သေဆုံးမှုဟာ ရေချိုးကန်တွင်း သတိလစ်မေ့မျောကာ ရေနစ်သေဆုံးခဲ့မှုဖြစ်တယ်လို့ People မဂ္ဂဇင်းက ပြောလိုက်ပါတယ်။ သူဟာ သေဆုံးချိန်မှာ အသက် ၅၄ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ဒူဘိုင်းမြို့မှာကျင်းပတဲ့ မိသားစုမင်္ဂလာပွဲတခု တက်ရောက်ချိန်မှာ ခုလိုဖြစ်ခဲ့တာပါ။ ဖေဖော်ဝါရီ ၂၄ ရက်နေ့က သေဆုံးခဲ့တဲ့ ဒီအမှုဟာ မတော်တဆမှုတခုသာဖြစ်တယ်လို့ ဒူဘိုင်းရဲတွေက အတည်ပြု ပြောလိုက်ပါတယ်။ “သေဆုံးသူကို ရင်ခွဲဆေးစစ်မှုတွေအရ မီဂါစတားမင်းသမီး ဆရီနာရဲ့ သေဆုံးမှုဟာ သူတည်းခိုရာ ဟိုတယ်ရေချိုးကန်ထဲမှာ သတိလစ်မေ့မျောပြီး သေဆုံးခဲ့ရတာ” လို့ ဆေးမှတ်တမ်းဖော်ပြချက်ကို ကိုးကားပြီး ရဲတွေက ပြောပါတယ်။ သူ့ရဲ့ အမာခံပရိသတ်တွေကတော့ မင်းသမီးရဲ့ နေအိမ်ရှေ့မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် စုဝေး စောင့်ဆိုင်းခဲ့ကြပြီး ဘောလီးဝုဒ် နာမည်ကျော်သရုပ်ဆောင်တွေကလည်း ဒီသတင်းကြားရချိန်မှာ ဝမ်းနည်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဆရီနာဟာ အသက် ၄ နှစ် အရွယ်ကစလို့ တမီလ် (Tamil)၊ တယ်လီဂူ (Telugu)၊ မာလာယာလမ် (Malayalam)၊ ခန်နာဒါ (Kannada) ဟင်ဒီ (Hindi) စတဲ့ အိန္ဒိယဘာသာစကား မျိုးစုံနဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ အောင်မြင်တဲ့ အမျိုးသမီး စူပါစတား အနည်းငယ်ထဲက တဦးပါ။ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီကလည်း “ကျော်ကြားလှတဲ့ မင်းသမီး ဆရီဒေဝီ သေဆုံးမှုက ဝမ်းနည်းဖွယ်ရာပဲ” လို့ သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ရေးထားပါတယ်။ သမ္မတ ရမ်နက်ကိုဗင်က “ရုပ်ရှင်သရုပ်ဆောင် ဆရီဒေဝီ သေဆုံးတာ ကြားလိုက်ရလို့ ထိတ်လန့်တုန်လှုပ်သွားတယ်” လို့ ရေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up