ဇန်နဝါရီလအတွင်း လူသတ်မှု ၁၂၉ မှုနှင့် မုဒိမ်းမှု ၁၁၃ မှု ဖြစ်ပွား
DVB
·
February 28, 2018
ပြီးခဲ့တဲ့ ဇန်နဝါရီလက တနိုင်ငံလုံးမှာ ဖြစ်ပွားတဲ့ အမှုကြီးတွေရဲ့ ဆယ်မှုမှာ ၉ မှုလောက်ဟာ လူသတ်တာနဲ့ မုဒိမ်းမှုတွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လူသတ်မှုပေါင်း ၁၂၉ မှု ဖြစ်ခဲ့ပြီး ရန်ကုန်တိုင်းက ၂၄ မှုနဲ့ အများဆုံး ဖြစ်ခဲ့ပါတယ်။ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်တို့မှာ ၁၈ မှုစီဖြစ်ခဲ့ပြီး ဒုတိယ အများဆုံး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လမှာ မုဒိမ်းမှုက ၁၁၃ မှု ဖြစ်ခဲ့ပြီး ဧရာဝတီတိုင်းက ၂၄ မှုနဲ့ အများဆုံး ဖြစ်ခဲ့တာပါ။ ရန်ကုန်တိုင်းမှာ ၂၃ မှု၊ စစ်တိုင်းတိုင်းမှာတော့ ၁၆ မှု ဖြစ်ခဲ့ပါတယ်။ အမှုကြီး ၁၀ မျိုးထဲမှာ ပါတဲ့ ဓားပြမှု၊ ပြန်ပေးမှု၊ ဖောက်ထွင်းမှုနဲ့ ပုန်ကန်မှုတို့ကတော့ ဖြစ်ပွားခဲ့တာ မရှိပါဘူး။
အမှုကြီးအားလုံးပေါင်း ၂၈၃ မှု ရှိခဲ့ပြီး တတိယအများဆုံးကတော့ မတရားအသင်းမှု ဖြစ်ပါတယ်။ တခြားအမှုတွေ ဖြစ်တဲ့ မူးယစ်ဆေးဝါးမှုပေါင်း ၉၈၆ မှု၊ ၃၈ မျိုးအမှုသေးပေါင်း ၇၅၇၆ မှု ဖြစ်ခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။