A d v e r t i s e m e n t With Us

မန်ချက်စတာယူနိုက်တက် ခေါ်ယူသင့်သည့် ကွင်းလယ်ကစားသမား ၆ ဦး

မန်ယူချက်စတာယူနိုက်တက်အသင်းက ခေါ်ယူသင့်တဲ့ ကွင်းလယ်ကစားသမား ၆ ဦးကို ဒေးလီးမေးလ်သတင်းစာက ဖော်ပြလိုက်ပါတယ်။ မန်ယူအသင်းက ဝါရင့်ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ မိုက်ကယ်ကာရစ်နဲ့ ဖယ်လိုင်နီတို့ဟာ အခုနှစ်ဘောလုံးရာသီအပြီးမှာ အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်လို့ ကွင်းလယ်ကစားသမားသစ်တွေ ရှာဖွေနေတာပါ။ မန်ယူအသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား တိုနီခရူးစ်၊ ချဲလ်ဆီးကွင်းလယ်ကစားသမား ဝီလျံ၊ စပါးက ဝမ်ယာမာ၊ လာဇီယိုက ဆာဗစ်၊ နိုက်စ်က မိုက်ကယ်ဆာရီနဲ့ နာပိုလီက ဂျော်ဂျင်ဟို စတဲ့ကစားသမားတွေထဲကနေ ခေါ်ယူသင့်တယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။ ဒီကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေး တန်ဖိုးအမြင့်ဆုံး ကစားသမားက လာဇီယိုက ဆာဗစ်ဖြစ်ပြီး ပေါင်သန်း ၈၀ အထိ ပေးချေရနိုင်တယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up