A d v e r t i s e m e n t With Us

ထိပ်တန်းစစ်အရာရှိများနှင့် ဒု-ဝန်ကြီးများကို ဆော်ဒီဘုရင် အပြောင်းအလဲလုပ်

ဓာတ်ပုံ - ရိုက်တာ
ဆော်ဒီအာရေဗျဘုရင် ဆာလ်မန်ဟာ နိုင်ငံရဲ့ ထိပ်တန်းစစ်တပ်အရာရှိတွေနဲ့ ဒု-ဝန်ကြီးအများအပြားကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ စစ်ဦးစီးချုပ်ကို အနားပေးပြီး အဆင့် ၁ ဒုတိယဗိုလ်ချုပ်ကြီး ဖေရက် ဘင်ဟာမက်အယ်လ် ရုဝေလီကို အစားထိုးခန့်အပ်ခဲ့ပါတယ်။ နိုင်ငံရဲ့ လေတပ်နဲ့ ကြည်းတပ် စစ်ဦးစီးတွေကိုတော့ အသစ်ခန့်အပ်ခဲ့ပါတယ်။ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ဒု-ဝန်ကြီးအသစ်တွေနဲ့ မြို့တော်ဝန်အသစ်တွေကိုလည်း ခန့်အပ်ခဲ့ပါတယ်။ အလုပ်သမားဝန်ကြီးဌာန ဒု-ဝန်ကြီးအဖြစ် အမျိုးသမီးတဦးကိုလည်း ခန့်အပ်ခဲ့ပါတယ်။ အမျိုးသမီးတဦးကို ဆော်ဒီမှာ အခုလို အဆင့်မြင့်ရာထူး ပေးအပ်တာက ရှားပါးဖြစ်ရပ်တခုလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒု-အုပ်ချုပ်ရေးမှူးရာထူး ၃ နေရာအတွက်ကိုတော့ ဘုရင်ဆယ်လ်မန်ရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ မင်းသား အာမဒ်ရဲ၊ တာလဲနဲ့ မူခရင်တို့ကို ခန့်အပ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up