ပြည်သူ့စကားဝိုင်း ပြင်ဦးလွင်တွင် ကျင်းပ
DVB
·
February 28, 2018
လူငယ်နှင့်တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်နဲ့ ပြည်သူ့စကားဝိုင်းကို ပြင်ဦးလွင်မြို့ မြို့တော်ခန်းမမှာ ဒီနေ့ မနက်က ကျင်းပနေပါတယ်။
လတ်တလော ဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှု အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲတာတွေ တနှစ်ထက်တနှစ် များပြားလာတာတွေနဲ့ တရားဥပဒေနဲ့ပတ်သက်လို့ ပြည်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
မှုခင်းကြိုတင်ကာကွယ်တားဆီးရေးကို ကျေးရွာ၊ ရပ်ကွက်တွေထဲထိ လိုက်လံ ဆောင်ရွက်ဖို့နဲ့ လူငယ်တွေကြား မူးယစ်ဆေးဝါး အလွယ်တကူ ဝယ်ယူလို့ရတဲ့ နေရာတွေကိုလည်း ပြည်သူလူထုအနေနဲ့ ပူပေါင်းပါဝင် ဖြေရှင်းတားဆီးကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။