ပါပူဝါနယူးဂီနီတွင် အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ပါပူဝါနယူးဂီနီမှာ အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့ ရဲဌာနက ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပြောပါတယ်။ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၅ ရှိ မြေငလျင်ဟာ ပါပူဝါနယူးဂီနီမှာ ဖေဖော်ဝါရီ ၂၆ ရက် မနက်အစောပိုင်းအချိန်က လှုပ်ခတ်ခဲ့တာပါ။ နိုင်ငံတောင်ပိုင်း ကုန်းမြင့်ဒေသက မန်ဒီမြို့မှာ ငလျင်ကြောင့် အဆောက်အဦနှစ်လုံး ပြိုကျခဲ့ပြီး မြေပြိုကျမှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ဆက်တွဲလှုပ်ခတ်တဲ့ ငလျင်တွေထဲမှာ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက ပြင်းအား ရစ်ခ်ျတာစကေး ၅ ဒသမ ၇ ရှိတဲ့ မြေငလျင်လှုပ်ခတ်မှုလည်း ပါဝင်ခဲ့တယ်လို့ အမေရိကန် မိုးလေဝသဌာနက ကြေညာခဲ့ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဝီလျံဘန်ဒိုကတော့ ငလျင်ကြောင့် အနည်းဆုံး လူ ၃၀ ကျော် သေဆုံးနိုင်ဖွယ် ရှိတယ်လို့ ပြောပေမယ့် သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်ဖို့ ရက်အနည်းငယ် ကြာနိုင်ကြောင်း ပါပူဝါနယူးဂီနီ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံးက ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up