အာစင်ဝင်းဂါးနေရာ အစားထိုးရန် ဘရန်ဒန်ရော်ဂျာနှင့် ဂျိုအာချင်လိုးတို့ကို လျာထားဟု သတင်းထွက်

အာဆင်နယ်အသင်းဟာ နည်းပြ အာစင်ဝင်းဂါးရဲ့နေရာမှာ အစားထိုးဖို့အတွက် လီဗာပူးနည်းပြဟောင်း ဘရန်ဒန်ရော်ဂျာနဲ့ ဂျာမနီနည်းပြ ဂျိုအာချင်လိုးတို့ကို လျာထားတယ်လို့ သတင်းထွက်နေပါတယ်။ အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းနဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ အာစင်ဝင်းဂါးရဲ့ အနာဂတ်ဟာလည်း မရေရာတဲ့ အခြေအနေ ဖြစ်လာတာပါ။ အာဆင်နယ်အသင်း တာဝန်ရှိသူတွေအနေနဲ့ အာစင်ဝင်းဂါးရဲ့ စွမ်းဆောင်ရည်ကို ရာသီကုန်ဆုံးတဲ့အချိန်မှာ ပြန်လည်သုံးသပ်မှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ဘူးဆိုရင် ရာထူးကနေ ထုတ်ပယ်ဖို့အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့်လေးနေရာက စပါးအသင်းထက် တပွဲလျော့ကစားပြီး ၁၀ မှတ်အထိ ကွာဟနေပါတယ်။ အာစင်ဝင်းဂါးရဲ့နေရာ အစားထိုးမယ့် နည်းပြစာရင်းမှာ ဘရန်ဒန်ရော်ဂျာနဲ့ ဂျိုအာချင်လိုးတို့အပြင် မိုနာကိုနည်းပြ လီယိုနာဒိုဂျာဒင်နဲ့ မန်စီးတီး လက်ထောက်နည်းပြ အာတီတာတို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up