ကလေးစစ်သား အောင်ကိုထွေးအမှု ရှေ့နေပါဝါနှင့် သက်သေအားလုံးရုပ်သိမ်း
DVB
·
February 27, 2018
ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သား အောင်ကိုထွေးအမှုကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရုံးထုတ်ခဲ့ပြီး အမှုမှာရှေ့နေကို ပါဝါရုပ်သိမ်းခဲ့သလို သက်သေအားလုံးလည်း ရုပ်သိမ်းလိုက်ပါတယ်။
ကိုအောင်ကိုထွေးကို ပုဒ်မ ၅၀၅ ခနဲ့ တရားစွဲဆိုစစ်ဆေးနေစဉ်အတွင်းမှာပဲ သူတရားရုံးမှာ အမူစစ်မခံပဲ တရားရုံးသပိတ်မှောက်ထားတာကြောင့် တရားရုံးမထီမဲ့မြင်မှုနဲ့ ထောင်ဒဏ် ၆ လ ကနဦး ချမှတ်ခံထားရပါတယ်။
အခုလက်ရှိမှာ ပုဒ်မ ၅၀၅ (ခ)အတွက် ရုံးတင်စစ်ဆေးနေဆဲဖြစ်ပြီး တရားရုံးကို သပိတ်မှောက်ထားတာကြောင့် သူ့ရဲ့ရှေ့နေနဲ့ သက်သေတွေအားလုံး ရုပ်သိမ်းခံခဲ့ရတာပါ။
"တရားရုံးက မတရားပါဘူး။ တရားသူကြီးလည်း မတရားပါဘူး။ ကျနော်ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ ခ ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင်နဲ့ပတ်သက်ပြီး တပ်မတော်က ပြည်သူတွေ ကိုပါ ခြိမ်းခြောက်လိုက်တာပါပဲ”လို့ ကိုအောင်ကိုထွေးက ရုံးထုတ်မှာပြောကြားခဲ့ပါတယ်။
ကိုအောင်ကိုထွေးဟာ ကလေးစစ်သားအဖြစ်စုဆောင်းခံခဲ့ရရာမှာ ပြန်လည်လွတ်လာချိန် မှာ ကလေးစစ်သားဘ၀က အခွင့်ရေးချိုးဖောက်ခံခဲ့ရတာတွေကို မီဒီယာကို ပြန်လည်ဖြေကြားခဲ့ လို့ တပ်မတော်ဘက်က ပုဒ်မ ၅၀၅ ခနဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ (ခ)အတွက် အမိန့်မချရသေးပေမယ့် လက်ရှိမှာ သူဟာ တရားရုံးကို သပိတ်မှောက်နေတဲ့အတွက် တရားရုံးမထီမဲ့မြင်မှု ထပ်တိုးပုဒ်မနဲ့ ထောင်ဒဏ်ခြောက်လ ချမှတ်ခံလိုက်ရပါတယ်။