သေနတ်ထိန်းချုပ်ရေး တောင်းဆိုသည့် အထက်တန်းကျောင်းသားများကို အိုပရာဝင်းဖရေး ချီးကျူး

ဓာတ်ပုံ - ရိုက်တာ
983
သေနတ်ထိန်းချုပ်ရေး တောင်းဆိုကြတဲ့ ဖလော်ရီဒါ အထက်တန်းကျောင်းသားလေးတွေကို သရုပ်ဆောင် အိုပရာဝင်းဖရေးက ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ချီးကျူး ပြောဆိုလိုက်ပါတယ်။
"A Wrinkle in Time" ဇာတ်ကားနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခန်းတခုမှာ အိုပရာဝင်းဖရေးက ဖလော်ရီဒါ အထက်တန်းကျောင်းသားလေးတွေကို ချီးကျူးပြောဆိုလိုက်တာပါ။
“ဒါဟာ ဒီကျောင်းသားလေးတွေရဲ့ အခိုက်အတန့်ပါပဲ။ တော်လောက်ပြီလို့ သူတို့ ပြောကြတယ်။ ဒီကလေးတွေဟာ မူလတန်းကျေင်းသားလေးတွေဆိုရင် စိတ်ဝင်စားစရာပဲ။ ဒီလို အခိုက်အတန့်မျိုး ရှိမှာမဟုတ်ဘူး။ စိတ်ဝင်စားစရာကောင်းတာက သူတို့ဟာ ခေတ်သစ်အမေရိကမှာ မွေးဖွားကြီးပြင်းလာခဲ့တဲ့အတွက် အစကတည်းက ဒီလို ကျောင်းတွင်း သေနတ်ပစ်ခတ်မှုအတွက် ထရိန်နင်ရှိနေတယ်။ ဒါကြောင့် သူတို့ဟာ အလင်းရောင် စစ်သည်လေးတွေ ဖြစ်ပါတယ်။
“ကျမတို့ဟာ အဆိုးတွေချည်း အာရုံစိုက်နေလို့ မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ သဘာဝတရားကိုက ကိုယ်အာရုံစိုက်တဲ့အတိုင်း ဖြစ်တတ်လို့ပါ။ ကိုယ်အာရုံစိုက်တာကို ဒီထက်ပို ဖြန့်ကြက်ရမှာပါ။ ဒါကြောင့် သတင်းတွေက တနေ့တခြား ဆိုးဆိုးလာတာ။ အကြောင်းက ကျမတို့ဟာ အဆိုးတွေချည်း အာရုံထားနေလို့ပါ။ အပြောင်းအလဲလုပ်ဖို့ ကြိုစားတဲ့ အလင်းရောင် စစ်သည်လေးတွေကို ကျမတို့ စပြီး အာရုံထားကြည့်မယ်ဆိုရင် ကျမတို့ သိရမှာပါ။ ဒါ သဘာဝတရားပါပဲ” လို့ သရုပ်ဆောင် အိုပရာဝင်းဖရေးက ပြောခဲ့ပါတယ်။
"A Wrinkle in Time" ဟာ အာကာသစွန့်စားခန်း ရုပ်ရှင်ဖြစ်ပြီး ဝင်းဖရေးအသုံးပြုတဲ့ အလင်းရောင်စစ်သည် ဝေါဟာရဟာ အဲဒီရုပ်ရှင်ထဲက အသုံးအနှုန်း ဖြစ်တယ်လို့ သိရပါတယ်။